Connect with us

Africa & Middle East

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ဖြစ်ပွားသောတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၂၁ ဦးရှိ

အချင်းဖြစ်ပွားသည့်နေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ဇန်နဝါရီ ၁၅ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးခဲ့ပြီး အခြား တိုက်ခိုက်သူလက်နက်ကိုင် ၅ ဦးလည်း သေနတ်မှန်သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုတွင် ရဲဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိရာ ကင်ညာနိုင်ငံသား ၁၆ ဦး ၊ ဗြိတိန် ၁ ဦး ၊ အမေရိကန် ၁ဦးနှင့် နိုင်ငံအတိအကျမသိရသေးသည့် အာဖရိကနွယ်ဖွား ၃ ဦး ပါဝင်ကြောင်း ရဲဌာန တာဝန်ခံအရာရှိ Boinnet က ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် ဒဏ်ရာရသူ ၂၈ ဦးရှိရာ ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်းသိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း Boinnet ကဆိုသည်။

ကင်ညာ ကြက်ခြေနီအသင်းက ဇန်နဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အထိ ပျောက်ဆုံးနေသူ ၁၉ ဦး ရှိကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၅ ရက် ညနေ ၃ နာရီခန့်က နိုင်ရိုဘီမြို့ Westlandsဒေသ တွင် လက်နက်ကိုင်များက ပထမဆုံး ကားရပ်နားဝန်းရှိ မော်တော်ယာဉ် သုံးစီးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ထို့နောက် အနီးရှိ ဟိုတယ်အဝတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်ခံရသည့် ဟိုတယ် အနီးတဝိုက်တွင် နိုင်ငံခြားကုမ္ပဏီအများအပြားရှိကြောင်း သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။ အမေရိကန်၏ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ်အသိအမှတ်ပြုခြင်းနှင့် ပါလက်စတိုင်းမူဆလင်များကို အဖွဲ့လိုက် နှိပ်ကွပ်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အယ်လ်ရှာဘတ်အဖွဲ့၏ ဇန်နဝါရီ ၁၆ ရက် ညတွင်ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက် အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)