ဒါကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့လယ် Motijheel စီးပွားရေးခရိုင် ရှိ နိုင်ငံတော်ဗဟိုဘဏ် ၃၁ထပ်တိုက် အဆောက်အအုံတွင် မတ်လ ၂၃ ရက် ညပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
လန်ဒန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့လယ် ဝက်မင်စတာ တံတားအနီးတွင် မတ်လ ၂၂ရက် ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင် အဓိက တရားခံအဖြစ် ရဲတပ်ဖွဲ့ကယူဆထားသူမှာ ခါလစ် မာစွတ် ဆိုသူဖြစ်ကြောင်း Scotland Yard မြို့ပြရဲဋ္ဌာနချုပ် က မတ်လ ၂၃ ရက်တွင်...
ဟနွိုင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသားတို့အတွက် ပထမဆုံး လောင်းကစားရုံအား ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ် Van Don အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံ အကုန်အကျခံ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Quang Ninh ပြည်သူ့ကော်မတီ ကပြောကြားခဲ့သည်။
အဘူဂျာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကတ်ဘီပြည်နယ်တွင် မတ်လ ၂၂ ရက်က ဗင်ကားတစ်စီး လမ်းဘေးမြောင်းအတွင်း ပြုတ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၂၃ဦးသေဆုံးပြီး အခြား ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လေးရက်တာ ချစ်ကြည်ရေး ခရီးစဉ်မှ မတ်လ ၂၃ ရက်အစောပိုင်း၌ ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် အာဆီယံနှင့် အာရှ ပစိဖိတ် နိုင်ငံများ အကြား ဆက်ဆံရေးမှာ...
ကန်ဘာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့သို့ မတ်လ ၂၂ ရက် ညပိုင်းတွင် တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ က လတ်တလော ရက်ပိုင်းတွင် မြောက်ကိုးရီးယား နိုင်ငံ ကို စုံစမ်းထောက်လှမ်းမှုများ ပိုမိုလုပ်ဆောင်ရန်အတွက် သူလျှိုဂြိုဟ်တု လွှတ်တင်ခဲ့ခြင်းသည် မြောက်ကိုးရီးယား နိုင်ငံ ကို ထပ်မံကျူးကျော် လိုသော စိတ်နေသဘောထား ကိုပေါ်လွင်စေကြောင်း မြောက်ကိုးရီးယား...
ချီကာဂို ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင် ( Wisconsin) ပြည်နယ် ၌ မတ်လ ၂၂ ရက်က သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး နှင့် အခြားလူ ၃ ဦးသေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြသည်။(Xinhua)
လန်ဒန် ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်၌ မတ်လ ၂၂ ရက် ကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင်သေဆုံးသူ ၅ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၄ဝ ဦးထိ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားသည်။
ဆစ်ဒနီ၊ မတ်လ ၂၂ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ Taronga မြောက်ပိုင်း Palins တိရစ္ဆာန်ရုံရှိ အာဖရိကန်မျိုးဆက် နောက်ဆုံး ဆင် အသက် ၄၆ နှစ်အရွယ် Cuddles သေဆုံးခြင်းအတွက် နိုင်ငံတစ်ဝန်း ဝမ်းနည်း ကြေကွဲခဲ့ကြသည်။