Connect with us

Europe

ပြင်သစ်နိုင်ငံ၌ yellow vest ဆန္ဒပြမှုအတွင်း ၁၃၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးပြော


ပါရီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံရှိ မြို့ပေါင်းများစွာ၌ ဖြစ်ပွားနေသော yellow vest (ရောင်ပြန်အဝါများဝတ်ဆင်ထားသောဆန္ဒပြမှု)တွင် မျက်နှာဖုံးတပ်လူငယ်များ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် လူပေါင်း ၁၃၈၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နှင့် အခြား လူပေါင်း ၁၃၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Christophe Castaner က ဆိုသည်။

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Edouard Philippe နှင့်အတူ ပူးတွဲပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး Castaner က ရဲအချုပ်ခန်းတွင် လူပေါင်း ၉၇၄ ဦး ကျန်နေသေးကြောင်း နှင့် အဖမ်းခံရသူ အရေအတွက်မှာ ထပ်မံ မြင့်တက်လာဖွယ်ရှိကြောင်း ဆိုသည်။

ပြင်သစ်နိုင်ငံ၌ ဆန္ဒပြသမားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့မှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ပါရီမြို့တွင်ပြုလုပ်သော ဆန္ဒပြပွဲတွင် လူပေါင်း တစ်သောင်းကျော် ပါဝင်ချီတက်ခဲ့ကြောင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၂၅,ဝဝဝ ကျော် ပါဝင် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။ ဒဏ်ရာရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးပါဝင်ကြောင်း နှင့် ၎င်းတို့မှာ ပါရီမြို့နှင့် နိုင်ငံအနောက်တောင်ပိုင်း Bordeaux မြို့များ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ လက်ခံနိုင်စရာလုံးဝ မရှိပါဘူး” ဟု Castaner က ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဆွေးနွေးရမယ့်အချိန်ပါ။ ဆွေးနွေးပွဲက စတင်နေပါပြီ။အဲဒါက ဆက်လုပ်သွားရမှာပါ။ ပြင်သစ်နိုင်ငံသားတွေဟာ ကိုယ်တိုင်အဖြေရှာကြရမှာပါ။ ဘယ်အခွန်ကိစ္စကမှ နိုင်ငံရဲ့ ညီညွတ်မှုကို ခြိမ်းခြောက်လို့မရပါဘူး” ဟု ဝန်ကြီးချုပ် Philippe ကဆိုသည်။ ထို့ပြင် ပြင်သစ်နိုင်ငံသမ္မတမက်ခရွန်က လူမှုဘဝအကြပ်အတည်းကို အဖြေရှာရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် yellow vest ဟု အမည်ပေးထားသောလှုပ်ရှားမှုသည် ပြင်သစ်နိုင်ငံရှိ ယာဉ်မောင်းများက အဝေးပြေးလမ်းမများပေါ်တွင် အသုံးပြုသော ရောင်ပြန် အဝါရောင်အပြင်ဝတ်စုံများကို ဝတ်ဆင်ကာ နိုင်ငံအတွင်း၌ အခွန်တိုးမြင့်ကောက်ခံမှုကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117