နယူးဒေလီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ခရီးသည်တင် ရထား ပြေးလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) နီပေါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ၂၀၁၇ ခုနှစ် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ(LDCs) အစီရင်ခံစာအား ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) တွင် ခတ္တမန္ဒူ၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် လူသတ်မှု ကျူးလွန်သည်ဟူ၍ ၁၉၈၀ ခုနှစ်က မှားယွင်းစွာ ပြစ်ဒဏ် ချမှတ်ခြင်းခံရသော လက်ရှိ အသက် ၇၀ နှစ် အရွယ် Craig Richard Coley ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး...
တိုကျို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် အမေရိကန် C2 ကုန်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦး ပျောက်ဆုံးနေကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
တီဟီရန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ သမ္မတ Hassan Rouhani က နိုဝင်ဘာ ၂၁ ရက်နေ့၌ အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် IS အစွန်းရောက် အဖွဲ့အစည်း ကို အလုံးစုံ ချေမှုန်း နိုင်ခဲ့ပြီး...
မနီလာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းချင်းဆက် အမွှာမိန်းကလေး နှစ်ဦးအား ခွဲစိတ်ကုသတော့မည်ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ၎င်းတို့ အနက် တစ်ဦး (သို့) နှစ်ဦးစလုံး အသက်ဆုံးရှုံးနိုင်သည့် အနေအထား တွင်ရှိကြောင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားနိုင်ငံ၏ နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ နှင့် ပတ်သက်၍ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးခေါင်းဆောင်များ နှင့် အသီးသီးဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး က နိုဝင်ဘာ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစု၌ တည်ရှိသည့် Mount Agung မီးတောင်ကြီးသည် နိုဝင်ဘာလ ၂၁ ရက်တွင် ကောင်းကင်ပေါ်သို့ပြာမှုန့်များကို မှုတ်ထုတ်နေကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူများက ဆိုသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ရှိ စစ်စခန်းတစ်ခု အပြင်ဘက်တွင် နိုဝင်ဘာ ၂၀ ရက်က လေတပ်ပိုင်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးပြီး အခြားလေယာဉ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
ကာရာကတ်စ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ PDVSA မှ အနည်းဆုံး အမှုဆောင်အရာရှိ ၅၀ဦးကို တရားမဝင် လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က နိုဝင်ဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။