ဒမတ်စကက်စ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံသမ္မတ အာဆက်က နိုင်ငံအတွင်းရှိ လက်နက်ကိုင်သူပုန်များအားလုံးအနေဖြင့် မိမိတို့ကိုယ်တိုင် လက်နက်ချအလင်းဝင်ရောက်ပါက လွတ်ငြိမ်းချမ်းသာခွင့်ကို ၂ဝ၁၆ ခုနှစ်က တစ်ကြိမ် ပေးထားပြီးဖြစ်သော်လည်း ယခုအခါ ၂ဝ၁၇ ခုနှစ် ဇွန်လကုန်အထိ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်က...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Chitral ခရိုင်တွင် ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ဆီးနှင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှား နယ်စပ် တစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ယူကရိန်း၊ ရုရှားနှင့် အခြား အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ပေါ်တူဂီ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ လက်ရွေးစင် ကစားသမား နှင့် စပိန်နိုင်ငံ ရီယဲလ်မက်ဒရစ် ဘောလုံးအသင်း၏ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုသည် ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေ အများဆုံး အားကစားသမားအဖြစ် အရွေးခံရကြောင်း သိရသည်။
အော့တဝါ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အစွန်းရောက် အကြမ်းဖက်မှု ပုံစံအားလုံးအား တိုးမြှင့် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ဖေဖော်ဝါရီလ ၄ ရက်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ (Theresa...
ဒူဘိုင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပုံမှန် စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။
ကိုတာကင်နဘလူး ၊ မလေးရှား ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဆာဗားပြည်နယ် ပင်လယ်ပြင်၌ ပြီးခဲ့သော ရက်သတ္တပတ်က နစ်မြုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည်၂၈ ဦးလိုက်ပါသွားသော စက်လှေ၏ လှေမောင်းသမားကို ခရီးသည်အလွန်အကျွံ တင်ဆောင်မှု နှင့် လုံခြုံစိတ်ချမှုမရှိသော စက်လှေမောင်းနှင်မှုတို့ဖြင့် ထောင်ဒဏ် ၆ လချမှတ်လိုက်ကြောင်း...
နော်ဝေ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) နော်ဝေသိပ္ပံပညာရှင်များသည် နေမကောင်းဖြစ်နေသော ဝေလငါးတစ်ကောင်၏ အစာအိမ်အတွင်း၌ ပလတ်စတစ် အိတ် ၃၀ ကို တွေ့ရှိခဲ့ကြောင်း Aftenposten သတင်းစာက ဖေဖော်ဝါရီ ၃ ရက် တွင်ဖော်ပြခဲ့သည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် တောင်ဆူလာဝီဆီပြည်နယ်ကမ်းရိုးတန် အလွန် ရေပြင်တွင် လူ ၁၉ဦးထက်မနည်း တင်ဆောင်လာသော မော်တော်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
တန်ဇန်းနီးယား၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်း ရှိ ရွာများအတွင်းသို့ လမ်းမှားလာသည့် ဆင်ရိုင်း ၁၅၀ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်များ နှင့် သီးနှံစိုက်ခင်း ၁၆၀ ဧက ပျက်စီးခဲ့ရကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။