Connect with us

Africa & Middle East

တူရကီတွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျ၍ လူ၂ဦးသေဆုံး

အန်ကာရာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် တွင် အောက်တိုဘာ ၃၀ ရက်က လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာန Demiroren News Agency (DHA) ကဖော်ပြခဲ့သည်။

Antalya ပြည်နယ် Manavgat ခရိုင်တွင် TC KIM လေ့ကျင့်ရေးလေယာဉ်တစ်စင်း မြေပြင်သို့ ပျက်ကျခဲ့ရာ လေယာဉ်မှူး တစ်ဦး နှင့် တွဲဖက်လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို လေယာဉ်ပျက်အတွင်းမှ ပြန်လည်ရှာတွေ့ခဲ့ကြောင်း Manavgat ခရိုင် အုပ်ချုပ်ရေးမှူး Mustafa Yigit က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ပျက်ကျခဲ့သည့် လေ့ကျင့်ရေးလေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ပျက်ကျခဲ့သည့် လေ့ကျင့်ရေးလေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ပျက်ကျခဲ့သည့် လေ့ကျင့်ရေးလေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားရာနေရာသို့ တပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ပြီး လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို မသိရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်နွေရာသီကလည်း Star Aircraft ကုမ္ပဏီမှ ပိုင်ဆိုင်သော အင်ဂျင်တစ်လုံးတပ် Cessna အမျိုးအစား TC KIM လေ့ကျင့်ရေးလေယာဉ်သည် နိုင်ငံအနောက်ပိုင်း Izmir ပြည်နယ်၌ အနိမ့်ပျံသန်းနေစဉ် ပျက်ကျဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.