Connect with us

Africa & Middle East

တူနီးရှားနိုင်ငံ တူးနစ်မြို့ ဗုံးခွဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူ အယောက် ၂၀ အထိ တိုးမြင့်လာ


တူးနစ် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

တူနီးရှားနိုင်ငံ တူးနစ်မြို့ မြို့လည်ခေါင်တွင် အောက်တိုဘာ ၂၉ ရက်က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ အယောက် ၂၀ ရှိကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် တူးနစ်မြို့ မြို့လည်ခေါင် Avenue Habib Bourguiba

အဓိက လမ်းမကြီးရှိ ကင်းလှည့်အဖွဲ့အနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ရာ ကလေးငယ် ၂ ဦး ပါဝင်ကြောင်း သိရသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုတိုက်ခိုက်သူမှာ ယခင်ပြစ်မှုမှတ်တမ်း မရှိကြောင်း ၊ တိုက်ခိုက်သည့်အကြောင်းအရင်းကို မသိရ သေးသလို တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီး Hichem Fouratiက ပြောကြားခဲ့သည်။

တူနီးရှား သမ္မတ Beji Caid Essebsiက ထိုတိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချကြောင်း၊ တူနီးရှားသည် အကြမ်းဖက်ဝါဒီများ၏ အန္တရာယ်ကို လက်ရှိ အချိန်ထိ ရင်ဆိုင်နေရကြောင်း အချင်းဖြစ်ပွားသည့် နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလက တူးနစ်မြို့ မြို့လည်ခေါင်တွင် သမ္မတကိုယ်ရံတော်တပ်ဖွဲ့လိုက်ပါလာ သော မော်တော်ယာဉ်အား အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ ရာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကာလကို အကြိမ်ပေါင်းများစွာ တိုးမြှင့်ခဲ့ရာ အောက်တိုဘာ ၈ ရက်မှစ၍ နိုင်ငံတော် အရေးပေါ် အခြေအနေကို နောက်ထပ်တစ်လ တိုးမြှင့်ရန် သမ္မတအိမ်တော်က အောက်တိုဘာ ၅ ရက် တွင် ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.