Connect with us

Europe

ဂရိအနောက်ပိုင်းတွင် အင်အား ၅.၄ပမာဏရှိ ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အေသင်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံအနောက်ပိုင်း Zakynthos ကျွန်းတွင် အောက်တိုဘာ ၃၀ ရက်က အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဥရောပ-မြေထဲပင်လယ် မြေငလျင်ဌာနကပြောကြားခဲ့သည်။

ငလျင်သည် Ionian ပင်လယ်၊ Zakynthos ကျွန်း အနောက်တောင်ဘက် ၄၄ကီလိုမီတာ၊ အေသင်မြို့ အနောက်တောင်ဘက် ၂၈၀ကီလိုမီတာအကွာ ရှိ ပင်လယ်ပြင်ဧရိယာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်ကလည်း ထိုဧရိယာ၌ အင်အား ၆.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အီးလ်မေးကြေညာချက်အရသိရသည်။

သေဆုံးမှုသတင်းများ ထွက်ပေါ်လာခြင်းမရှိကြောင်း သိရသည်။

ဂရိနိုင်ငံ ငလျင်ပညာရှင်များသည် အဆောက်အအုံများအနည်းငယ် ပျက်စီးခဲ့သော အောက်တိုဘာ ၂၆ ရက် ငလျင်အပြီး နောက်ဆက်တွဲ ငလျင် ၁၀၀ကျော်လှုပ်ခတ်ခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.