ဒူဘိုင်း ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဒူဘိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(RTA) က ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်မောင်းလေပေါ်တက္ကစီ ( AAT- ဒူဘိုင်းအလိုအလျှောက်လေရဟတ်တက္ကစီ) ကို စက်တင်ဘာလ ၂၅ ရက်တွင် Jumeirah ကမ်းခြေဥယျာဉ်၌ သရုပ်ပြမိတ်ဆက်မောင်းနှင်ပြသခဲ့ကြောင်း ဒူဘိုင်းနိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြခဲ့သည်။
ရိုးမား ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အီတလီ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း သည် စက်တင်ဘာ ၂၄ ရက်နေ့၌ အီတလီ နိုင်ငံ အလယ်ပိုင်း ရှိ Terracina မြို့တွင် လေကြောင်း သရုပ်ပြ ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျခဲ့ရာ...
နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် ရှိ တရားမဝင် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ဘာလင် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ ပြည်ထောင်စုပါလီမန်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD (Alternative fuer Deutschland ) ပါတီသည် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်း မဲအားလုံးရေတွက်ပြီးချိန်တွင် တရားဝင် ထုတ်ပြန်သော ရလဒ်များအရ ပထမဆုံးအကြိမ် အနိုင်ရလဒ်ဖြင့် လွှတ်တော်တက်ခွင့်ရခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အရှေ့အာရှ တွင် မြောက်ကိုရီးယားနိုင်ငံ၊ လက်တင်အမေရိကတွင် ဗင်နီးဇွဲလားနိုင်ငံ နှင့် အာဖရိကအလယ်ပိုင်းတွင် ချဒ်နိုင်ငံ မှ ခရီးသွားများအပေါ် ပြည်ဝင်ခွင့်အား စက်တင်ဘာ ၂၃ ရက်တွင် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir al-Zour မြို့အနီး ရှိ IS စစ်သွေးကြွအုပ်စုက ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း တစ်ခုအတွင်း စက်တင်ဘာလ ၂၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ် တွင် အကြီးတန်း တာလီဘန် ဘဏ္ဍာရေးမှူး အား အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အရှေ့ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက အက်စစ်ဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံးလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း လန်ဒန်မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့တောင်ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် က ရစ်ချ်တာစကေး ၆.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားငလျင်တိုင်းတာရေးဋ္ဌာနကပြောကြားခဲ့သည်။