လန်ဒန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မန်ချက်စတာ လေဆိပ် တွင် လက်ဆွဲအိတ်ဖြင့် ပိုက်ဗုံးတစ်လုံးအား သယ်ဆောင်လာသူ အမျိုးသား ကို သြဂုတ် ၂၃ ရက်တွင် ထောင်ဒဏ် ၁၈နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mirgayas Shirinsky သေဆုံးမှုအား ရုရှား နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၃ ရက်တွင် အတည်ပြုပြောကြားလိုက်ကြောင်း သိရသည်။
ဘာလင်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း လိုးဝါး ဆာဇိုနီပြည်နယ် တွင် သြဂုတ် ၂၃ ရက်က အလုပ်သမားများအပြည့် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ညာဘက်သို့ တိမ်းမှောက်ခဲ့ရာ စုစုပေါင်းလူ ၄၄ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
ဆန်နား၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြို့တော် ဆန်နား မြောက်ပိုင်းရှိ ဟိုတယ် တစ်ခုအား သြဂုတ်လ ၂၃ ရက် နံနက်အစောပိုင်းက ဆော်ဒီ ဦးဆောင်သော မဟာမိတ်ညွန့်ပေါင်း စစ်လေယာဉ်များ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိ...
ကူဝိတ်စီးတီး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကူဝိတ်နိုင်ငံနှင့်အတူ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိက သြဂုတ်လ ၂၂ ရက်က ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် တွင် သြဂုတ် ၂၂ ရက်က ကျင်းပခဲ့သော ရိုးရာကျောက်ခဲပေါက်ပွဲတော်အတွင်း လူ ၄၅၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ အခြေအနေပြင်းထန်ကြောင်း သိရသည်။
ဝင်းဒို့ခ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ၏ နမီးဘီးယားနိုင်ငံ ခရီးစဉ်အတွင်း အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။
နယူးယောက်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ဘက် ဖီလာဒဲလ်ဖီးယားမြို့ အစွန်အဖျားရှိ ဘူတာရုံတစ်ခုတွင် ရပ်ထားသော ရထားတစ်စီးကို မြန်နှုန်းမြင့်ရထားတစ်စီးက သြဂုတ် ၂၂ ရက်တွင် ဝင်တိုက်မိသဖြင့် အနည်းဆုံး လူ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ် “ အချို့အဆင့်ထိန်းချုပ်မှု” အပေါ် ကြိုဆိုကြောင်း နှင့် အမေရိကန် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား အနာဂတ်တွင် တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ခြေလမ်းကြောင်း တစ်ခုကို မြင်တွေ့နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်စကို၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တောင်ပိုင်း Rostov-on-Don မြို့တွင် သြဂုတ်လ ၂၁ ရက်က မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့ရာ အဆောက်အဦ ၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။