Connect with us

Asia

ထိုင်းနိုင်ငံတွင် ရှေးဟောင်းဘုရားအား ပြုပြင်မွမ်းမံနေစဉ် ပြိုကျမှုကြောင့် လူ ၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ Phraya Tham Voraviharn ဘုရားကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ Phraya Tham Voraviharn ဘုရားကျောင်းအား ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေစဉ် စက်တင်ဘာလ ၂၅ ရက်က ပြိုကျမှုကြောင့် လူ ၁ ဦးသေဆုံးပြီး အခြားသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Erawan Rescue Center က ထိုနေ့ညနေပိုင်းတွင် အတည်ပြုပြောကြားလိုက်သည်။

ရှေးဦးစွာ ကယ်ဆယ်ရေးအဖွဲ့မှ အပျက်အစီးများကြားမှ လူ ၁၁ ဦးအား ဆွဲထုတ်ခဲ့ရပြီး ၃ ဦးမှာ စိုးရိမ်ဖွယ် ဒဏ်ရာများရရှိထားကြောင်း သိရသည်။

ယင်းနေ့နှောင်းပိုင်းတွင် အုတ်ကျိုးအုတ်ပဲ့များကြားမှ လူတစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အဆိုအရ အုတ်ကျိုးအုတ်ပဲ့များ ပြိုကျသံများ ကျယ်လောင်စွာ ကြားခဲ့ရပြီး အလုပ်သမားများပေါ်သို့ ပြိုကျခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

အပျက်အစီးများကြားမှ ဒဏ်ရာရသူများအား ဆွဲထုတ်ရန် နာရီအနည်းငယ်ယူခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

အဆိုပါ ဘုရားနှင့် ဘုရားကျောင်းသည် ၁၈၀၀ ပြည့်နှစ်များအတွင်း ဘုရင် ရာမ ၃ ခေတ်က ခေါင်းလောင်းတာဝါ အဖြစ် ဒီဇိုင်းရေးဆွဲတည်ထားခြင်း ဖြစ်သည်။

ပြုပြင်မွမ်းမံရေးလုပ်ငန်းအား ယခုနှစ် မေလကတည်းက အနုပညာဌာနက လုပ်ဆောင်နေခြင်းဖြစ်သည်။

Phraya Tham ဘုရားကျောင်းသည် အယုဒ္ဓယကာလနှောင်းပိုင်းမှ တတိယအဆင့် တော်ဝင်ဘုရားကျောင်းတစ်ခုဖြစ်ပြီး ကျောက်ဖယားမြစ် အနောက်ဘက်ကမ်းပေါ်ရှိ Dawn ဘုရားကျောင်းအနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.