Connect with us

International Organizations

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Josep Borrellတို့ တွေ့ဆုံစဉ် (ဓါတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်စဉ်အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Josep Borrell နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက စပိန်နိုင်ငံက တရုတ်နိုင်ငံအပေါ်ထားရှိသည့် အပြု သဘောဆောင်သော နိုင်ငံခြားရေးပေါ်လစီကို ဝမ်းသာအားရမိကြောင်း ၊နှစ်နိုင်ငံ ဆက်ဆံရေး ထပ်မံတစ်ဆင့်တိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်မှုများကို အတူလက်တွဲ နီးနီး ကပ် တွန်းအားပေး လုပ်ဆောင်သွားလိုကြောင်း ၊ ယခုနှစ်အတွင်း အဆင့်မြင့်အရာရှိဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထားရှိသည့် ၄၅ နှစ် ကာလတွင်း တိုးတက်ပြောင်းလဲလာမှုများကို ပြန်လည် သုံးသပ်ကာ နှစ်နိုင်ငံဆက်ဆံရေးအနာဂတ်သစ်ကို ရေးဆွဲရမည်ကြောင်း ၊ စပိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများ၊ခေတ်သစ်ပိုးလမ်းကြီး စီမံကိန်း ကို မှန်မှန်ကန်ကန်၊ မျှမျှတတ၊ အပြုသဘောဆောင်ထောက်ခံသည့်အတွက် ဝမ်းသာကျေနပ်မိကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးကို အတူတည်ဆောက်ကာ ဖွံ့ဖြိုးရေးမဟာဗျူဟာချိတ်ဆက်မှုများကို တိုးမြင့်ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို ကျယ်ပြန့်အောင် ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Borrell က တရုတ်-စပိန်ဆက်ဆံရေးသည် စပိန်နိုင်ငံ ၏နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးလုပ်ဆောင်သည့်ဦးတည်ချက်တစ်ခုဖြစ်ကြောင်း ၊ စပိန်အနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းနှင့် ဖွံ့ဖြိုးမှုအလားအလာကို ယုံကြည်အလေးထားကြောင်း ၊ ယနေ့ တရုတ်နိုင်ငံ၏ အောင်မြင်မှုများက လေးစားဖွယ်ကောင်းကြောင်း ၊ တရုတ်ဘာသာစကားသည် စပိန်နိုင်ငံရှိ တက္ကသိုလ်အချို့တွင် ရေပန်းစားလူကြိုက်များနေသည့် ဘာသာစကားဖြစ်နေပြီကြောင်း ၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် ၄၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ရာ တရုတ်နိုင်ငံမှ ခေါင်းဆောင်များ စပိန်သို့ လာရောက်လည်ပတ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အလားအလာများကို ရှာဖွေရန် မျှော်လင့်ကြောင်း ၊ စပိန်နိုင်ငံအနေဖြင့် အတူဖွံ့ဖြိုးရေးအတွက် ခေတ်သစ်ပိုးလမ်းမကြီး အတူတည်ဆောက်မှုကို အထူးအလေးထားကာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.