Connect with us

Europe

တူနီးရှား အနောက်ပိုင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၍ အရပ်သား ၂ဦးသေဆုံး

မြေမြှုပ်မိုင်းများအား အနံ့ခံခွေးဖြင့် ရှာဖွေနေသည့် တူနီးရှားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ အနောက်ပိုင်း Kasserine ပြည်နယ် ရှိ စစ်တပ်ဧရိယာတစ်ခုတွင် စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းက အကြမ်းဖက်သမားများ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူ ၂ဦးသည် ညီအကိုများဖြစ်ပြီး လိုက်ထရပ်ကားဖြင့်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ စစ်သွေးကြွများ ထောင်ထားသည့် မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုအန္တရာယ်မှ အပြစ်မဲ့ပြည်သူများ၏ အသက်များအား ကယ်ဆယ်ရန် ပိတ်ပင်ထားသော စစ်တပ်ဧရိယာများအတွင်းသို့ ဝင်ရောက်မှုကို တင်းကျပ်စွာ တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

တူနီးရှား အာဏာပိုင်များက အစ္စလာမ်မစ် Maghreb အဖွဲ့အစည်း နှင့် IS စစ်သွေးကြွအဖွဲ့ မှ အယ်လ်ကိုင်ဒါ စစ်သွေးကြွများဖြစ်ကြသော စစ်သွေးကြွများစွာ သည် Kasserine ပြည်နယ် ရှိ တောင်တန်းများ နှင့် အယ်လ်ဂျီးရီးယား နယ်စပ် နှင့် နီးစပ်သော တူနီးရှား အနောက်မြောက်ပိုင်း ရှိ ဧရိယာများတွင် ပုန်းအောင်းနေကြောင်းပြောကြားခဲ့သည်။

အဆိုပါ စစ်သွေးကြွများသည် စစ်တပ် နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်လာမှုကို ကာကွယ်ရန် မြေမြှုပ်မိုင်းများစွာကို ထောင်ထားခဲ့ပြီး ယင်းကြောင့် အရပ်သားများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် စစ်သားများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.