နယူးယောက်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
မက်ဒရစ် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ခရစ္စတီယာနိုရော်နယ်ဒိုက နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၎င်း၏ အသက် ၄၁ နှစ်အရွယ်အထိ ဘောလုံးဆက်ကစားသွားလိုကြောင်း နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ပေါ်တူဂီနိုင်ငံလက်ရွေးစင်ကစားသမားရော်နယ်ဒိုက ရီယဲလ်မက်ဒရစ်အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်မှာ ၂ဝ၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း နှင့် ယင်းအချိန်တွင် ၎င်း၏အသက်မှာ...
နယူးဒေလီ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အဓိက အတိုက်အခံ ခေါင်းဆောင် Congress ပါတီ အကြီးအကဲ ဆိုနီယာ ဂန္ဒီသည် ကျန်းမာရေး မကောင်းသည့်အတွက် ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ဥက္ကဋ္ဌနေရာအား ဆုံးရှုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဟနွိုင် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသ နှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေရာ လူပေါင်း ၁၅ ဦးသေဆုံးပြီး ၆ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေးနှင့်ထိန်းချုပ်ရေးဌာနက နိုဝင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
မက်ဒရစ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ ဘောလုံး အကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို (Christiano Ronaldo) နှင့် ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းအထိ စာချုပ်ချုပ်ဆိုထားကြောင်း ရီးယဲမက်ဒရစ် ဘောလုံးကလပ်က နိုဝင်ဘာလ ၆ ရက်က အတည်ပြု ပြောကြားလိုက်ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် နိုဝင်ဘာ ၆ရက် က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ဆန်တီယာဂို ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ချီလီနိုင်ငံသမ္မတ Michelle Bachelet နှင့်ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ) တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် နိုဝင်ဘာ ၅ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျခဲ့၍ လူ၁၆ဦး ထက်မနည်းသေဆုံးကာ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။