Connect with us

Asia

အိန္ဒိယတွင် ရေနံသန့်စင်စက်ရုံ မီးလောင်၍ လူ ၄၃ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ရေနံသန့်စင်စက်ရုံမီးလောင်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ ရှိ နိုင်ငံပိုင် ရေနံသန့်စင်စက်ရုံတွင် သြဂုတ် ၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မီးလောင်မှုသည် Chembur ဧရိယာ ရှိ Bharat Petroleum ကုမ္ပဏီ၏ စက်ရုံမှဖြစ်ကြောင်း သိရသည်။

ဒုတိယရဲမင်းကြီး Shahji Umap က Bharat Petroleum ကုမ္ပဏီ၏ ဆေးပေးခန်းတွင် ကနဦး ကုသမှုများပြုလုပ်ပေးပြီးနောက် လူ ၂၂ဦးကို နေအိမ်သို့ ပြန်လွှတ်ပေးခဲ့ပြီး အခြားလူ ၂၁ဦးကို Chembur ရှိ Inlaks ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ၎င်းတို့တွင် အရိုးကျိုးမှု နှင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သတင်းဌာနသို့ပြောကြားခဲ့သည်။

၎င်းက လူနာတစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်အရ မီးလောင်မှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၃း၃၀နာရီတွင်ဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲမှုများစွာ ဆက်လက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလွန်မြင့်မားသော အပူချိန် နှင့် ဖိအားကြောင့် မီးငြှိမ်းသတ်မှုကို အဝေးတစ်နေရာမှ ထိန်းချုပ် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးချုပ် P.S Rahangdale က သတင်းဌာနသို့ပြောကြားခဲ့သည်။

ရေနံကုမ္ပဏီက မီးအကြွင်းအကျန်များရှိနေသော်လည်း ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

အခြား ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး က အဆိုပါ မီးလောင်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.