တိုကျို၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂါဆာကီမြို့ တွင် နိုဝင်ဘာလ ၃ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိပြီးနောက် အမေရိကန်ရေတပ်အခြေစိုက်စခန်း အဝင်အထွက်အား တစ်နာရီခန့်ပိတ်ထားခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သည် Mombasa ကမ်းရိုးတန်းမြို့ ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးအား ISစစ်သွေးကြွအုပ်စု နှင့် ချိတ်ဆက်နေသည့် ပြစ်မှုဖြင့် နိုဝင်ဘာ ၂ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဟိုချီမင်း ၊ နိုဝင်ဘာ ၃ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို ့၌ ချက်နိုင်ငံမှတဆင့် လေကြောင်းဖြင့် တင်သွင်းလာသော စစ်ဖက်သုံး တရားမဝင်မှောင်ခိုလက်နက်အများအပြားကို ဗီယက်နမ်အကောက်ခွန်အရာရှိများက ဖမ်းဆီးရမိကြောင်း ပြည်တွင်းသတင်းစာများက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြသည်။
ဂျကာတာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) လူပေါင်း ၉၃ ဦးအား တင်ဆောင်ကာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘတ်တမ်ကျွန်းမှ နိုဝင်ဘာလ ၂ ရက် အစောပိုင်းက ထွက်လာခဲ့သော လှေတစ်စင်းသည် တိမ်းမှောက်သွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ ၃၄ ဦး...
ရီယို ဒီ ဂျနေရိုး၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေစဉ် လိုဏ်ဂူ တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်လာနေကြောင်း သတင်းဖော်ပြမှုများထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် လုံခြုံရေးအသိ နှင့် သတိပြုနေထိုင်ကြရန် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တစ်နေ့လျှင် ကြက်ဥ တစ်လုံး စားသုံးခြင်းက လေဖြတ်ခြင်းအား ၁၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း အမေရိကန် ကြက်ဥလုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ (American Egg Board) က ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ် တစ်ခုက နိုဝင်ဘာလ ၁ ရက်က...
ဂျီနီဗာ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ထဲ၌ သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၃,၉၄ဝ ဦးထိ ရှိလာပြီဖြစ်ကြောင်း IOM ခေါ်နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများအဖွဲ့က နိုဝင်ဘာလ ၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ် ရှိ သင်္ဘောကျင်းတစ်ခု ၌ နိုဝင်ဘာ ၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောတစ်စီးအား ဖျက်စီးနေသည့် အလုပ်သမား ၁၄ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံစစ်တပ်သည် ၎င်းတို့၏ တင့်ကားများ နှင့် အခြား စစ်လက်နက်တင်ဆောင်ထားသည့်မော်တော်ယာဉ်များကို အီရတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တူရကီနိုင်ငံအရှေ့တောင်ပိုင်း Sirnak ပြည်နယ်သို့နိုဝင်ဘာလ ၁ ရက်က ပို့ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။