Connect with us

Asia

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်အား ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် အားတွေ့ ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အား ဇူလိုင်လအစောပိုင်းတွင် တရားရုံးများက တရားစွဲဆိုခဲ့သည့် ယုံကြည်မှု ဖောက်ဖျက်ခြင်း နှင့် အဂတိလိုက်စားခြင်း ပြစ်မှုများအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဘဏ္ဍာငွေများအလွဲသုံးစားပြုမှု နှင့် ငွေကြေးခဝါချမှုများဖြင့် ဆက်စပ်သည့် ပြစ်မှုသုံးခုနှင့်သြဂုတ်လ ၈ ရက်ကထပ်မံ စွဲချက်တင်လိုက်ကြောင်း သိရသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်းသည် သြဂုတ် ၈ ရက် နံနက် ၉ နာရီတွင် ကွာလာလမ်ပူမြို့ရှိ တရားရုံးသို့ရောက်ရှိလာပြီး ပဏာမကြားနာစစ်ဆေးမှုကို ခံယူခဲ့ကြောင်း သိရသည်။

တရားစွဲဆိုရေးအဖွဲ့က စွဲချက်အသစ်များကို ဖတ်ကြားခဲ့ပြီးနောက်တွင် နာဂျစ်က ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

မလေးရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စွဲချက်အားလုံးသည် ယခင်နိုင်ငံတော်ရံပုံငွေ 1MDB တစ်ခုဖြစ်သည့် SRC နိုင်ငံတကာမှ နာဂျစ်၏ ကိုယ်ပိုင် ဘဏ်အကောင့်ထဲသို့လွှဲပြောင်းခဲ့သည့် မလေးရှားရင်းဂစ် ၄၂သန်း (အမေရိကန်ဒေါ်လာ ၁ဝ.၃ သန်း) နှင့်ဆက်စပ်သည့် ပြစ်မှုများသာဖြစ်ကြောင်း အစောပိုင်းတွင်ပြောကြားခဲ့သည်။

တရားရုံး၌ အစိုးရရှေ့နေက ပြောကြားရာတွင် ရင်းဂစ် ၄၂ သန်းကို နာဂျစ်၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့တရားမဝင်သောနည်းလမ်းများဖြင့် သုံးကြိမ်လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။

ငွေကြေးခဝါချမှု သုံးခုအတွက် တစ်မှုလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် နှင့် ငွေဒဏ်အဖြစ် တရားမဝင်ရရှိခဲ့သော ငွေပမာဏ၏ ၅ ဆပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်လက ၎င်းအားစွဲဆိုထားသော ပြစ်မှုအမျိုးမျိုးသည် SRC International ကိစ္စရပ်နှင့်ဆက်စပ်နေသည့် အမှုများလည်းဖြစ်ကြောင်း သိရသည်။

1MDB ကို မလေးရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် ၂ဝဝ၉ ခုနှစ်တွင် နာဂျစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။သို့သော် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာသည် အလွဲသုံးစားပြုခံရကြောင်း နောက်ပိုင်းတွင် သတင်းထွက်ပေါ်ခဲ့သည်။ မေလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိုမ့်ပြီးကတည်းက 1MDB နှင့်ပတ်သက်၍ နာဂျစ်သည် စုံစမ်းစစ်ဆေးခံနေရပြီး ၎င်းက မည်သည့်အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ရွေးကောက်ပွဲပြီးနောက် မလေးရှားနိုင်ငံဝန်ကြီးချုပ်ဖြစ်လာသည့် မဟာသီယာက ယင်းကိစ္စအား ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည်။ 1MDB မှ ခိုးယူပြီး မလေးရှား မှ အင်ဒိုနီးရှားအား ချေးငှားပေးထားသော ငွေများဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက သိရှိပြီးသည့်နောက်တွင် အမေရိကန်ဒေါ်လာ သန်း၂၅ဝ ကို သြဂုတ် ၇ ရက်တွင် မလေးရှားနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.