Connect with us

Asia

ထိုင်း ဆယ်ကျော်သက် ဘောလုံးသမားများ၏ စွန့်စားမှုပြီးဆုံးပြီးနောက် ကျောင်းပြန်တက်ပြီ

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရေလွှမ်းနေသော ဂူအတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီခဲ့သော တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးသမားအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရေလွှမ်းနေသော ဂူအတွင်းမှာ ကယ်ဆယ်နိုင်ခဲ့ပြီး ၁၈ ရက်ကြာပြီးနောက် ဆယ်ကျော်သက် ဘောလုံးသမား ၁၂ ဦးသည် စာသင်ကျောင်းသို့ ပြန်တက်နိုင်ပြီဖြစ်ပြီး ရိုးရာကံကောင်းခြင်း ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံ မီဒီယာ သတင်းများက ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားအား ၎င်းတို့ စာသင်ကြားရာ ချင်းရိုင် အလယ်တန်းကျောင်း၌ သြဂုတ်လ ၇ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘောလုံးသမားလေးများအား ကျောင်းဝတ်စုံအသစ်များနှင့် သင်ကြားရေး အသုံးအဆောင်အသစ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား Bayern Munich ဘောလုံးကလပ်မှ ကိုယ်စားလှယ်က အနီရောင် ဂျာစီအင်္ကျီများ လက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါ ဘောလုံးသမားများ၏ ပညာသင်ကြားမှုအကြောင်း စိုးရိမ်ပါကြောင်း ပြောကြားခဲ့သည်။ စာသင်ကျောင်းအနေဖြင့်လည်း ၎င်းတို့အတွက် သင်ခန်းစာများအား အချိန်ပို သင်ကြားရေးများ စီစဉ်မည်ဟု ဆိုသည်။

အသက် ၁၁ နှစ်နှင့် ၁၆ နှစ်အကြား ထိုင်း ဘောလုံးသမားလေးများနှင့် အသက် ၂၅ နှစ်အရွယ် ၎င်းတို့၏ နည်းပြတို့သည် ဇွန်လ ၂၃ ရက်က ချင်းရိုင်ခရိုင်အတွင်းရှိ ဂူအတွင်း ပျောက်ဆုံးနေခဲ့သည်။ ၎င်းတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြောက်မက်ဖွယ် ရေလွှမ်းမှုဖြစ်ခဲ့ကာ ၎င်းတို့၏ ဂူအပြင် ထွက်လမ်း ပျောက်သွားကာ ဂူအတွင်း ပိတ်မိခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် ဂူအား အထိမ်းအမှတ်ဖြစ်စေရန် ပြတိုက် တည်ဆောက်မှုမှာ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အသက်ဆုံးရှုံးခဲ့သည့် ထိုင်း ရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း Samarn Gunan ၏ လေးမီတာရှိသော ရုပ်တုအား ပြတိုက်၏ ရှေ့တွင် ထားရှိမည် ဖြစ်သည်။

အဆိုပါ ပြတိုက်သည် ၁၃ မီတာရှည်လျားသည့် ပန်းချီကားကိုလည်း ပြသထားမည်ဖြစ်ပြီး ယင်းပန်းချီတွင် ဘောလုံးသမားလေးများအား ပထမဆုံး တွေ့ရှိခဲ့သည့် ဗြိတိန်နိုင်ငံမှ ရေငုပ်သမား နှစ်ဦး အပါအဝင် ကယ်ဆယ်ရေးသမားများ၏ပုံများကို ရေးခြယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.