မိုဂါဒစ်ရှူး၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံတွင် သြဂုတ် ၅ ရက် က တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး ၈ ဦး ရှိပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့ သတင်းများ အရ သိရသည်။
အာဖဂန်နစ္စတန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmand ပြည်နယ် တွင် IED အမျိုးအစား ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ဦးသေဆုံးပြီး အခြားလူ ၁၁ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က သြဂုတ် ၅ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် သြဂုတ် ၅ ရက် နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားရာ ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က မကြာသေးခင်ကဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလက်စ် မတ်ဒူရို( Nicolas Maduro) အား လုပ်ကြံမှုတွင် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သြဂုတ် ၅ ရက်တွင် ငြင်းဆိုပြောကြားခဲ့သည်။
လောစ်အိန်းဂျလိစ် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ South Coast ပလာဇာဈေးဝယ်စင်တာအနီးတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားပြီးနောက် လူ ၅ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)
ဂျကာတာ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၈၂ ဦးသေဆုံးပြီး အခြားရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ နိုင်ငံအလယ်ပိုင်း Lombok ကျွန်းပေါ်ရှိ လူနေအိမ် နှင့် အဆောက်အအုံ...
ဂျနီဗာ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ Graubunden ဒေသ ရှိ ဆွစ်တောင်တန်းများတွင် သြဂုတ် ၄ရက် က ဇိမ်ခံလေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ လူ ၂၀ဦးစလုံးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၅ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
စင်ကာပူ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် စင်ကာပူနိုင်ငံတွင် ကျင်းပ သော (၂၅)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးမှုဖိုရမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင်...
လာဂို့စ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်းပြီး ဖမ်းဆီးထားသော ဓါးစားခံများအား လွှတ်ပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး က သြဂုတ် ၄ရက်တွင်ပြောကြားခဲ့သည်။