Connect with us

Asia

အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ဦးသေ၊ ၁၁ဦး ဒဏ်ရာရရှိ

IED အမျိုးအစား ဗုံးတစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmand ပြည်နယ် တွင် IED အမျိုးအစား ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ဦးသေဆုံးပြီး အခြားလူ ၁၁ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က သြဂုတ် ၅ရက်တွင် ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် IED အမျိုးအစား ဗုံးအား ပြုလုပ်နေသည့် အမျိုးသားတစ်ဦး နေထိုင်ရာ Garmsir ခရိုင် Shamalan ဧရိယာတွင် သြဂုတ် ၅ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ဗုံးသည် သတ်မှတ်ထားသည့်အချိန်မရောက်ခင် စောလျင်စွာပေါက်ကွဲခဲ့၍ အမျိုးသားတစ်ဦး၊ ၎င်း၏ သားတစ်ဦး နှင့် ညီအကို တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၇ဦး နှင့် အမျိုးသမီး ၄ဦး အပါအဝင် စုစုပေါင်း လူ ၁၁ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Omar Zwak က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအနက် အချို့မှာ အခြေအနေ စိုးရိမ်ရပြီး ၎င်းတို့အား ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို ပို့ဆောင်ပေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။IED အမျိုးအစား ဗုံးများအား ရှာဖွေခြင်း နှင့် ရှင်းလင်းခြင်းလုပ်ငန်းများသည် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117