Connect with us

Asia

နီပေါနိုင်ငံ အနောက်ပိုင်း ကျေးရွာတစ်ခုတွင် တောင်ပြိုမှုကြောင့် လူ ၉ ဦး သေဆုံး

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သော တောင်မြေပြိုမှုကြောင့် နေအိမ်အဆောက်အဦများ ပိမိနေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် သြဂုတ် ၅ ရက် နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားရာ ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အလောင်း ၈ လောင်းကို တောင်မြေပြို၍ပိမိနေသည့် နေအိမ်အဆောက်အဦ နှစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ကျန် ၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းJajarkot ခရိုင် ခရိုင်လက်ထောက်အကြီးအကဲKrishnaက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ယင်းနောက် အဆိုပါ ပျောက်ဆုံးနေသော ကလေးငယ်မှာ သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ ထို့အပြင် တောင်ပြိုမှုကြောင့် ဒဏ်ရာရသူ တစ်ဦး ရှိကြောင်းလည်းသိရသည်။

အချိန်ကြာမြင့်စွာမိုးရွာသွန်းမှုကြောင့် တောင်ပြိုမှုဖြစ်ပွားရာ ကျေးရွာရှိ အဆောက်အဦ ၆ ခု ပြိုကျ ပျက်စီးခဲ့ကြောင်း ၊ ထိုအဆောက်အဦများတွင် အနေထိုင်သူများက ဒဏ်ရရှိမှုမရှိကြောင်းနှင့် ၎င်းတို့ကို နီးစပ်ရာကျေးရွာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်းသိရသည်။ ယခုအခါ နီပေါနိုင်ငံ၏ မိုးရာသီကာလဖြစ်ရာ မိုးရေကြီးခြင်းကြောင့် တောင်ပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး မကြာခဏဆိုသလို လူူသေဆုံး ဒဏ်ရာရမှုများရှိကြောင်း သိရသည်။ (Xinhua)