Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၈၂ ဦး နှင့် ဒဏ်ရာရသူ ရာပေါင်းများစွာရှိ


ဂျကာတာ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၈၂ ဦးသေဆုံးပြီး အခြားရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ နိုင်ငံအလယ်ပိုင်း Lombok ကျွန်းပေါ်ရှိ လူနေအိမ် နှင့် အဆောက်အအုံ ပေါင်းများစွာလည်း ပျက်စီးခဲ့ရကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိတစ်ဦးက ယနေ့သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငလျင်ကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတို့သည် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း နှင့် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကဆိုသည်။“ ဒဏ်ရာရသူတွေကို ငလျင်ဒဏ်သင့်ထားတဲ့ ဆေးရုံပြင်ပတွေမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ဆေးရုံဆေးပေးခန်း ပြင်ပတွေမှာ ဆေးကုသမှုပေးနေပါတယ်” ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် စာတိုပေးခဲ့သည်။ငလျင်ကြောင့် အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းပေါ်ရှိ အဓိကခရီးသွားနေရာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း Sutopo ကဆိုသည်။“ သေဆုံးသူအများစုမှာ အဆောက်အအုံ ကွန်ကရစ်များအတွင်း ပိတ်မိခြင်းနဲ့ပြိုကျအဆောက်အအုံများ၏ အပျက်အစီးပုံများ ရိုက်ခတ်ခံရခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်းအပါအဝင် ဘာလီကျွန်းအနီး တစ်ဝိုက်ရှိ ကျွန်းများလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ပြည်သူများသည် နေအိမ် နှင့် အဆောက်အအုံအပြင်ဘက်သို့ထွက်ပြေးခဲ့ရကြောင်း Sutopo က ပြောကြားခဲ့သည်။ဒဏ်ရာရသူများအား ကယ်ဆယ်ရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေသော်လည်း ငလျင်ကြောင့် အပျက်အစီးများနှင့်အတူ ဆက်သွယ်သွားလာရေး အားနည်းသွားသဖြင့် ခက်ခက်ခဲခဲဆောင်ရွက်နေရကြောင်း သိရသည်။

သြဂုတ် ၅ ရက် ဒေသစံတော်ချိန်၁၈.၄၆ နာရီတွင် Lombok Timur ခရိုင် အနောက်မြောက်ဘက် ၁၈ ကီလိုမီတာအကွာ၌ မြေပြင်အောက် အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇.ဝ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် ၄၇ ကြိမ် ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီ မှ အရာရှိ Yusuf Khaidar Ali က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117