တီဟီရန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက အောက်တိုဘာ ၄ရက်က ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခတ်ပြည်နယ်၌ သက်သတ်လွတ်ပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ထိုင်းဘတ် ၃.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ) ရရှိခဲ့ကြောင်း ထိုင်းခရီးသွားအာဏာပိုင်(TAT) ၏ စစ်တမ်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများက ဖော်ပြသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂူဂဲလ် (Google)ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် Pixel နှင့် Pixel XL စမတ်ဖုန်းများကို သြစတြေးလျနိုင်ငံ၌ ပထမဆုံး စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အန်ကာရာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် မအောင်မြင်ခဲ့သော စစ်အာဏာသိမ်းမှုအား ကြိုးကိုင်သူဟု စွပ်စွဲခံထားရသော ဂူလန်နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသော တူရကီ ရဲအရှိ ၁၂,၈၀၁ ဦးအား ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အထွေထွေ လုံခြုံရေး ညွှန်ကြားမှု ဦးစီးဋ္ဌာနက အောက်တိုဘာလ ၄ ရက်၌...
စတော့ခ်ဟိုးမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဂျပန်လူမျိုး ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi) က ရရှိခဲ့ကြောင်း အောက်တိုဘာလ ၃ ရက်တွင် ဆုရွေးချယ်ရေး ကော်မတီက ကြေညာလိုက်သည်။
ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ် တွင် ကာ့ဒ်လူမျိုးတို့၏ မင်္ဂလာဆောင်တစ်ခုကို ပစ်မှတ်ထားကာ အောက်တိုဘာ ၃ရက်က အသေခံဗုံးခွဲမှုတစ်ခုပြုလုပ်ခဲ့၍ လူ ၃၀ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၉၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
ကွာလာလမ်ပူ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာဗားပြည်နယ်ရှိ Tawau မြို့၌ အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်သား ၁၄ ဦးလိုက်ပါစီးနင်းလာသည့် Sikorsky S-61 “Nuri” စစ်ဖက်ရဟတ်ယာဉ်တစ်စင်းသည် စာသင်ကျောင်းခေါင်မိုးတစ်ခုပေါ်သို့ပျက်ကျသွားကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။
ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေရှိ အကြီးဆုံး ဆေးရုံသည် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် လုံးဝ ပျက်စီးသွားခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုက အစီရင်ခံ တင်ပြခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ စစ်တပ်ကို ဆန့်ကျင်၍ စစ်ရေးကိစ္စများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများ နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ကြောင်း ရုပ်သံလိုင်းတစ်ခု က အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ရာဘတ်၊ အောက်တိုဘာ ၄ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိနေသည့် အမျိုးသမီး ၁၀ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။