Connect with us

Africa & Middle East

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံသို့နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီးဖန်လိယွမ် တို့ အား တောင်အာဖရိကနိုင်ငံ အဆင့်မြင့် အစိုးရအရာရှိများ ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပရီတိုးရီးယား ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

နှစ်နိုင်ငံချစ်ကြည်ရင်နှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ရည်ရွယ်ချက်ဖြင့် အာဖရိကတိုက်ခရီးစဉ် တတိယမြောက်နိုင်ငံအဖြစ် “သက်တန့်နိုင်ငံ” ဟုလူသိများသော တောင်အာဖရိကနိုင်ငံသို့ဇူလိုင် ၂၃ ရက်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီးဖန်လိယွမ် တို့အား တောင်အာဖရိကနိုင်ငံ အဆင့်မြင့်အစိုးရအရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa အတွက် သမ္မတရာထူး စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ပထမဆုံးနိုင်ငံတော်ခရီးစဉ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကြိုဆိုခြင်းဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အနာဂတ်ကာလ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် မှတ်တိုင်သစ်တစ်ခုကို ရေးဆွဲရန် ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၂ဝ ပြည့်အခမ်းအနားသို့အတူတကွတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံသို့ရောက်ရှိလာသော တရုတ်သမ္မတရှီက ပြီးခဲ့သော နှစ်ပေါင်း ၂ဝ ကာလအတွင်း တရုတ်နှင့်တောင်အာဖရိကနိုင်ငံတို့အကြား နက်ရှိုင်းသော လမ်းကြောင်း နှင့် ကဏ္ဍအားလုံးတွင် ဆက်ဆံရေးတိုးတက်ခဲ့ကြောင်း ၊ မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်ခုအဖြစ်မှ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး နှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး နိုင်ငံအဖြစ်သို့တက်လှမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ၊ ပြည်သူအချင်းချင်းအကြားအပြန်အလှန်ဖလှယ်မှု နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း ရှီက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်-Link- http://www.xinhuanet.com/english/2018-07/24/c_137344271.htm


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117