Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ က Al-Shabaab လက်နက်ကိုင် အဖွဲ့ဝင် ၈၇ ဦး အား ပစ်ခတ် ရှင်းလင်း

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ဇူလိုင်လ ၇ ရက် ၌ တိုက်ခိုက်မှုများ ဖြစ်ပွား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇူလိုင်လ ၂၃ ရက် ၌ Kismayo မြို့ မြောက်ပိုင်း ၅၀ ကီလိုမီတာ အကွာအဝေး ရှိ တပ်စခန်း တစ်ခု အား Al-Shabaab အစွန်းရောက် အဖွဲ့ဝင် တို့ က တိုက်ခိုက်ခဲ့ကြရာ တိုက်ခိုက်မှု အတွင်း အစိုးရ တပ်ဖွဲ့ က အစွန်းရောက် အဖွဲ့ဝင် ၈၇ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆိုမာလီယာ နိုင်ငံ အစိုးရ အရာရှိ က လက်နက်ကိုင် အဖွဲ့ဝင်များ က ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်း အချိန် တွင် အစိုးရ တပ်စခန်း အား အသေခံ ကားဗုံး ဖောက်ခွဲခြင်း ဖြင့် စတင် တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့နောက် နှစ်ဖက် တပ်ဖွဲ့ အနေဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အစိုးရ တပ်ဖွဲ့ က လက်နက်ကိုင် တပ်ဖွဲ့ ကို တိုက်ထုတ် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆိုမာလီယာ အစိုးရ တပ်ဖွဲ့ တပ်မှူး Mukhtar Abdi Mohamed က ဇူလိုင်လ ၂၃ ရက် ၌ ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ အတွင်း အစိုးရ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda နှင့် အဆက်အသွယ် ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်း တွင် ဆိုမာလီယာ နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံ များတွင် တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)