Connect with us

Africa & Middle East

တူရကီတွင် IS နှင့် ဆက်စပ်နေသည့် တရားခံ ၄၃ဦးကို ဖမ်းဆီး

တူရကီနိုင်ငံ မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များ နေအိမ်တစ်အိမ်အား ဝင်ရောက်စီးနင်းစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ ရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း IS စစ်သွေးကြွအဖွဲ့ နှင့် တရားမဝင် ချိတ်ဆက်ဆောင်ရွက်နေသူ ၄၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဇူလိုင် ၂၃ ရက်ကပြောကြားခဲ့သည်ကို ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့ သည် IS အဖွဲ့၏ နိုင်ငံခြားသား အဖွဲ့ဝင်များကို ဖမ်းဆီးရန် အစ္စတန်ဘူလ်မြို့ ရှိ နေရာ ၁၅ခုတွင် ဇူလိုင် ၂၀ ရက်က တစ်ပြိုင်နက်တည်း စီးနင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများသည် IS စစ်သွေးကြွအဖွဲ့ နှင့် ဆက်စပ်နေသော လူမှုကွန်ရက်အုပ်စုများမှ အဖွဲ့ဝင်များ ဟု ယူဆရပြီး ပဋိပက္ခဇုန်များအတွင်းရှိ လူများ နှင့် အဆက်အသွယ်ရှိနေကြောင်း Anadolu ကဖော်ပြခဲ့သည်။

တရားခံများသည် မည်သည့်နိုင်ငံသားဖြစ်ကြောင်းကိုမူ သတင်းဌာနက ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်များအတွင်း IS စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် တူရကီတွင် လူ ၃၀၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117