Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အတွင်းရှိ အီရန် နိုင်ငံ စစ်အင်အားများ အားလုံး ထွက်ခွာပေးရန် အစ္စရေး နိုင်ငံ တောင်းဆို

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစ်စလင် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ အစိုးရ အရာရှိ က အစ္စရေး နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ မှ အဆိုပြုခဲ့သည့် အီရန် နိုင်ငံ စစ်အင်အားများ အစ္စရေး-ဆီးရီးယား နယ်စပ် နှင့် ကီလိုမီတာ ၁၀၀ အကွာအဝေး သို့ ရွှေ့ပြောင်းစေမည့် အဆိုကို ငြင်းပယ် ခဲ့ပြီး အီရန် နိုင်ငံ စစ်အင်အားများ ဆီးရီးယား နိုင်ငံ မှ လုံးဝ ထွက်ခွာပေးရန် ဇူလိုင်လ ၂၃ ရက် ၌ တောင်းဆိုခဲ့သည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အနေဖြင့် ဇူလိုင်လ ၂၃ ရက် ညပိုင်း အချိန် ၌ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ အစ္စရေး နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ မှ အဆိုပြု ခဲ့သည့် စစ်ရေး ကြားခံနယ်မြေ နှင့် ကီလိုမီတာ ၁၀၀ ကွာဝေး သည့် နေရာ မှ အီရန် နိုင်ငံ တာဝေးပစ် ဒုံးကျည် များအား တိုက်ခိုက်နိုင်သည့် အချက် ကို လက်ခံခဲ့ကြောင်း ၊ ထို့ပြင် အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်း သို့ လက်နက်များ မပို့ဆောင် နိုင်ရန် အတွက် ဆီးရီးယား နှင့် လက်ဘနွန် နိုင်ငံ နယ်စပ် ဂိတ် အား ပိတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် အီရန် နိုင်ငံ က အရှေ့အလယ်ပိုင်း ဒေသတွင် စစ်အင်အား တိုးချဲ့မှု ဆောင်ရွက်နေကြောင်း စွပ်ဆွဲ ခဲ့ပြီး ဆီးရီးယား နိုင်ငံ က အီရန် နိုင်ငံ ၏ အစ္စရေး နိုင်ငံ အား ခုခံ တိုက်ခိုက်သည့် နယ်မြေ အဖြစ် သို့ ပြောင်းလဲလာမည် ကို လက်ခံမည် မဟုတ်ကြောင်း အထူး ပြောကြား ခဲ့သည်။ သို့သော် ဆီးရီးယား နိုင်ငံ က အီရန် နိုင်ငံ သည် ဆီးရီးယား နိုင်ငံ အစိုးရ ၏ တောင်းဆိုမှု အရ စစ်ရေးအကြံပေးမှုများ လာရောက် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြန်လည် ငြင်းဆိုခဲ့သည်။(Xinhua)