ဟူစတန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အိုကလာဟိုးမားပြည်နယ် အရှေ့မြောက်ပိုင်း တူလ်ဆာမြို့ တွင် လေဆင်နှာမောင်း ၃ခု တိုက်ခတ်ခဲ့ရာ လူ ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားမိုးလေဝသ ဋ္ဌာန က သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ သြဂုတ် ၈ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း တွင် မိသားစု နှစ်ခုကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ဒူရန်ဂိုပြည်နယ် ရဲတပ်ဖွဲ့ ကသြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ရိုဘီ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံတွင် သြဂုတ်လ ၈ ရက်၌ သမ္မတအသစ် ရွေးကောက်ရန်အတွက် ပြည်သူ ၁၉.၆ သန်းခန့်က မဲရုံ လေးသောင်းကျော်မှာ မဲပေးဖို့ သွားရောက်နေကြပြီဖြစ်သည်။
SKOPJE၊သြဂုတ် ၈ ရက်(ဆင်ဟွာ) ရီယဲလ်မက်ဒရစ် အသင်း နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့သည် UEFA Super Cup ဖလားယှဉ်ပြိုင်ရန် မက်ဆီဒိုးနီးယားနိုင်ငံ Skopje မြို့တော်သို့သြဂုတ်လ ၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဘူဂျာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ ဘုရားရှိခိုးကျောင်းတစ်ခုတွင် သြဂုတ် ၆ ရက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၁၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။
ဘရာဇာဗေလီ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် Kinshasa တွင် သြဂုတ်လ ၇ ရက်နေ့၌ တိုက်ခိုက်မှု များဖြစ်ပွားသောကြောင့် လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ရကြောင်း သတင်းဖော်ပြချက်များအရ သိရှိခဲ့ရသည်။
ရီယာ့ဒ်၊ သြဂုတ် ၇ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတရားရုံးတစ်ခု က IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် သြဂုတ် ၆ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည်တွင်း Alyaum အွန်လိုင်းသတင်းကဖော်ပြခဲ့သည်။
တီဟီရန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တီဟီရန်မြို့အစွန်အဖျားရှိ စစ်အခြေစိုက်စခန်းတစ်ခု တွင် သြဂုတ် ၆ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သား ၄ဦးသေဆုံးခဲ့ပြီး အခြားစစ်ဘက်ဆိုင်ရာဝန်ထမ်း ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာကဖော်ပြခဲ့သည်။
လန်ဒန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) သြဂုတ်လ ၇ ရက်က ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီးမီတာ ၁ဝဝ ပွဲစဉ်တွင် အိုလံပစ်ငွေတံဆိပ်ဆုရှင် အမေရိကန်အပြေးသမား Tori Bowie က ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့အနီးရှိ အဓိက ဆိပ်ကမ်းတစ်ခု၌ သြဂုတ်လ ၇ ရက်တွင် ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၂ ဦး နှင့် မီးသတ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။