ဂျကာတာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်၌ လူဒါဇင်ပေါင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နံနက်အစောပိုင်းက ပြောကြားခဲ့သည်။
အော်စလို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအား ကိုလံဘီယာ သမ္မတ Juan Manuel Santos က ရရှိခဲ့ကြောင်း နော်ဝေ နိုဘယ်လ် ကော်မတီက ကြေညာလိုက်သည်။
ဆိုးလ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်က Galaxy Note 7 စမတ်ဖုန်းများအား ကမ္ဘာ့ဈေးကွက်မှ ပြန်လည် သိမ်းဆည်းခဲ့ရသော်လည်း တတိယ သုံးလပတ်၌ ၎င်းတို့၏ လုပ်ငန်း အမြတ်အစွန်းမှာ မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက အောက်တိုဘာလ ၇ ရက်က ပြောကြားခဲ့သည်။
နက်တယ် ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တိုက်စစ်မှူးနေမာ၏ သွင်းဂိုးတစ်ဂိုးနှင့်အတူ ဘရာဇီးအသင်းသည် ဘိုလီးဗီးယားအသင်းအား အောက်တိုဘာ ၆ရက်က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၅ ဂိုး ဂိုးမရှိ ဖြစ် အနိုင်ရခဲ့ကြောင်း သိရသည်။
ရာမာလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ၎င်း၏ရုံးခန်းအတွင်း မူးလဲသွားသဖြင့် အနောက်ဖက်ခြမ်း ဒေသ၊ ရာမာလာ မြို့ရှိ ဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ယခုအခါတွင် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ကြောင်း သိရသည်။
နီယာမေ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း တက်စ်ဆာရာဒေသရှိ ဒုက္ခသည် စခန်း တစ်ခုတွင် အောက်တိုဘာလ ၆ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်သား အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ၌ မက်သူးဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၆၄ ဦးထိ သေဆုံးသွားပြီးဖြစ်ကြောင်း နှင့် ၎င်းမုန်တိုင်းမှာ ဘဟာမား နှင့် အမေရိကန်နိုင်ငံသို့ဦးတည် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ဟနွိုင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် မကြာမီ ဝင်ရောက်ရန် ရှိသော အပူပိုင်း မုန်တိုင်း အာရီ (Aere) အတွက် သတိရှိကြရန်နှင့် ကြိုတင် ပြင်ဆင်ထားကြရန် ဗီယက်နမ် သဘာဝဘေး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဋ္ဌာနက...
ဆန်တို ဒိုမင်ဂို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်း မတ်သူး (Matthew) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် အောက်တိုဘာလ ၉ ရက်၌ ပြုလုပ်ရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်နယ်ဆိုင်ရာ ရွေးကောက်ပွဲ ကောင်စီ ဥက္ကဋ္ဌ လီယိုပိုးလ်...
ဟနွိုင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင့်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် Manis javanica မျိုးစိပ်ဝင် ရှားပါးသင်းခွေချပ် ၆၁ ကောင်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်း Save Vietnam’s Wildlife (SVW) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။