Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ လေတပ်စခန်းများအား ဒုံးကျည်များဖြင့် ထပ်မံ တိုက်ခိုက် ခဲ့သော်လည်း လေကြောင်း ကာကွယ်ရေးစနစ် ဖြင့် ကာကွယ်တားဆီး နိုင်ခဲ့

ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ် မြို့ အနီးရှိ လေတပ်စခန်းအား တိုက်ခိုက်လာသည့် ဒုံးကျည် အား ကာကွယ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး က ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ဘက်ဆိုင်ရာ လေတပ်စခန်း ၂ ခု အား ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုံးကျည်များအား ကာကွယ်တားဆီး နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

သတင်းဖော်ပြချက်များတွင် ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ အလယ်ပိုင်း Homs ပြည်နယ် ရှိ လေတပ်စခန်း ကို ဒုံးကျည် ၆ စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ ဒမတ်စကပ်စ် မြို့ အနီးရှိ လေတပ်စခန်း ကို ဒုံးကျည် ၃ စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ လေတပ်စခန်းအား တိုက်ခိုက်လာသည့် ဒုံးကျည်များအားလုံး ကို ဝေဟင်တွင် လေကြောင်း ကာကွယ်ရေး စနစ်ဖြင့် တားဆီးနိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ဆင်ဟွာ သတင်းဌာန သတင်းထောက် က ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ် နှင့် ၄ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဒမတ်စကပ်စ် မြို့၌ ကျယ်လောင်သည့် ပေါက်ကွဲသံများကို ကြားခဲ့ရပြီး ဝေဟင်တွင်လည်း ဒုံးကျည်ကာကွယ်ရေး စနစ် မှ တိုက်ခိုက်လာသည့် ဒုံးကျည်များကို ကာကွယ် ပစ်ခတ်နေသည် ကို တွေ့ရှိခဲ့ရကြောင်း သတင်းပေးပို့ခဲ့သည်။

သို့သော် အခင်းဖြစ်ပွား ပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန က တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန က တိုက်ခိုက်မှုသည် အစ္စရေး နိုင်ငံ မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့သည်။ဧပြီ လ ၁၃ ရက်နေ့ ညပိုင်း အချိန်တွင် အမေရိကန် နိုင်ငံ ဦးဆောင်၍ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့က ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့များကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှု စတင်ဆောင်ရွက် ခဲ့သည်။ ယင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ နိုင်ငံအချို့၏ နိုင်ငံတကာ ဥပဒေ နှင့် ညီမညီ သံသယဖြစ်မှု ကို ခံခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှလည်း ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု အား တရားမျှတစွာ စစ်ဆေးမှု ဆောင်ရွက်ရန် တိုက်တွန်းမှုများ ထွက်ပေါ်လာစေခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117