Connect with us

North America

အမေရိကန် နိုင်ငံ က တရုတ် နိုင်ငံ အား ပေးဆပ်ရမည့် ကြွေးမြီ အမေရိကန် ဒေါ်လာ ၁.၁၇၆၇ ထရီလီယံ အထိ ရောက်ရှိလာခဲ့

အမေရိကန် နိုင်ငံ ၏ ကြွေးမြီ အား ဖေါ်ပြထားသည့် ဆိုင်းပုဒ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ၏ ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း တရုတ် နိုင်ငံ ၏ အမေရိကန် နိုင်ငံ အပေါ် ကြွေးမြီ (National Debt) ပိုင်ဆိုင်မှု သည် အမေရိကန် ဒေါ်လာ ၈.၅ ဘီလီယံ တိုးမြင့်လာခဲ့ပြီး ကြွေးမြီ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ တွင် ဆက်လက် တည်ရှိနေကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၁၇၆၇ ထရီလီယံ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

စာရင်းပြုစုချက်များ အရ ဖေဖော်ဝါရီ လကုန်သည့် အထိ အမေရိကန် နိုင်ငံ ၏ အခြား နိုင်ငံများ သို့ ပေးဆပ်ရမည့် ကြွေးမြီ စုစုပေါင်း မှာ ၆.၂၉၁၆ ထရီလီယံ တည်ရှိပြီး ယခင်လထက် အမေရိကန် ဒေါ်လာ ၃၁.၁ ဘီလီယံ တိုးမြင့်လာခဲ့ကြောင်း ၊ ယင်းကြွေးမြီများ ကို အဓိက အားဖြင့် တရုတ် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့မှ ပိုင်ဆိုင်ထားပြီး စုစုပေါင်း ကြွေးမြီ ၏ သုံးပုံတစ်ပုံ ကျော် တည်ရှိနေကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ဗဟိုဘဏ် ၏ လတ်တလော ရက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ မတ်လကုန် အထိ တရုတ် နိုင်ငံ ၏ နိုင်ငံခြားငွေကြေး လဲလှယ်မှု အရံငေ ွ(Foreign-exchange reserves) မှာ အမေရိကန် ဒေါ်လာ ၃.၁၄၂၈ ထရီလီယံ တည်ရှိနေပြီး ယခင်လထက် အမေရိကန် ဒေါ်လာ ၈.၃ ဘီလီယံ တိုးမြင့်လာကြောင်း သိရှိရသည်။(Xinhua)