Connect with us

Africa & Middle East

ဆီးရီးယား၏ ဓာတုလက်နက်သုံးတိုက်ခိုက်မှုကို သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အာရပ်နိုင်ငံများက တိုက်တွန်း

ဧပြီလ ၁၅ ရက်တွင် ကျင်းပသော အာရပ်ထိပ်သီးဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲ၌ အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul Gheit အား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဒါရန် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

တစ်ရက်တာ ကျင်းပသော အာရပ် ထိပ်သီး ဆွေးနွေးပွဲ(Arab League summit)ကို ဧပြီလ ၁၅ ရက်တွင် ဆော်ဒီအာရေဗျအရှေ့ပိုင်း ဒါရန်(Dhahran)မြို့၌ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အာရပ် ခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအဝိုင်းအား ဆီးရီးယား၏ ဓာတုလက်နက်သုံးတိုက်ခိုက်မှုကို သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရသည်။

အနောက်နိုင်ငံများ၏ ဆီးရီးယားအရေးကိစ္စ ဖြေရှင်းကိုင်တွယ်ပုံများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဆီးရီးယားပြည်သူများကို ဓာတုလက်နက်သုံးတိုက်ခိုက်ခြင်းကိုလည်း အပြင်းအထန်ကန့်ကွက်ကြောင်း ဆွေးနွေးပွဲကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဆီးရီးယားအရေးကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ဆီးရီးယား၏အချုပ်အချာအာဏာနှင့် နယ်နိမိတ်ပိုင်နက်ကို ထိန်းသိမ်းရန် ပြည်ပစစ်တပ် များအားလုံး ဆီးရီးယားပိုင်နက်အတွင်းမှ ထွက်ခွာသွားရန် ထိုကြေညာချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.