Connect with us

North America

လော့စ်အိန်ဂျလိစ် တေးဂီတစတူဒီယို မီးလောင်ကျွမ်း လူ ၂ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

လော့စ်အိန်ဂျလိစ် မီးသတ်ဌာနဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ် အနောက်ဘက် ၁၀ ကီလိုမီတာအကွာရှိ ရပ်ကွက်တစ်ခုအတွင်းက Studio City တွင် ဧပြီလ ၁၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ် မီးသတ်ဌာန (LAFD) ၏ ပြောကြားချက်အရ ဧပြီလ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီခန့်က တစ်ထပ် အဆောက်အအုံ မီးလောင်မှုအား မီးသတ်သမား ၈၃ ဦးသွားရောက်ခဲ့ကြောင်း၊ ယင်း အဆောက်အအုံအတွင်းရှိ ဂီတစတူဒီယိုငယ် တစ်ခု အတွင်း ၂၈ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားစဉ်အတွင်း လူ ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြားသူ ၂ ဦးမှာစိုးရိမ်ဖွယ် အခြေအနေရှိကြောင်းနှင့် အခြားသူ ၂ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီး အခြေအနေမသိရသေးကြောင်း မီးသတ်ဌာနက ဆိုသည်။မီးလောင်မှုဖြစ်ရသည့်အကြောင်းရင်းအား LAFD မီးရှို့မှု/အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနစိတ်မှ စုံစမ်းစစ်ဆေးနေပြီး လူသေဆုံးမှုအား လော့စ်အိန်ဂျလိစ်နယ်မြေ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိက စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်သွားသည့် တစ်ထပ်အဆောက်အအုံ၌ နေ့စဉ် အလုပ်လုပ်နေကြသည့် သီးသန့်ထုတ်လုပ်သူ ၁၃ ဦး၏ နေအိမ်များနှင့် စတူဒီယိုများ ရှိကြောင်း Los Angeles Times က သတင်းတင်ပြထားသည်။အဆောက်အအုံအနီးဝန်းကျင်တွင် အလုပ်လုပ်နေသည့် လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်သော Devan Greene က ဒေသစံတော်ချိန် နံနက် ၆း၅၄ နာရီက မီးခိုးအား မြင်တွေ့ခဲ့ရာ ၉၁၁ သို့ ဖုန်းခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)