ဂျာကာတာ၊ အောက်တိုဘာ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Tangerangမြို့တွင် အောက်တိုဘာ ၂၀ ရက်က အမျိုးသားတစ်ဦးသည် ရဲဝန်ထမ်းများအား တိုက်ခိုက်ခဲ့၍ အကြီးတန်းအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် အာကာသယာဉ်မှူး ၃ဦးလိုက်ပါသွားသည့် Soyuz MS-02 အာကာသယာဉ်အား နိုင်ငံတကာအာကာသစခန်း (ISS) သို့ အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အာကာသသိပ္ပံ နှင့် အာကာသစူးစမ်းလေ့လာရေး Roscosmos က ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်တွင် ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆေးရုံ မီးလောင်ကျွမ်းမှုအတွက် ဆရာဝန် တစ်ဦး အပါအဝင် လူ လေးဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
နယူးယောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများက နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် ရေနံ ထုတ်လုပ်မှု လျှော့ချရန် ကတိပြုခဲ့ကြသောကြောင့် ရေနံ ဈေးနှုန်း မြင့်မားနေခြင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
ရီရာ့ဒ်၊ အောက်တိုဘာ (၁၉) ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဆော်ဒီမင်းသားတစ်ဦးအား ဆော်ဒီ နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်က ကြေညာခဲ့သည်ကို ဆော်ဒီ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်တွင်း ပြင်းအား ၆.၃ ရှိ ငလျင်တစ်ခု အောက်တိုဘာလ ၁၉ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာလ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၏ မြို့တော် ဘူဘိန်းဆွာရှိ ပုဂ္ဂလိက အဆင့်မြင့် ဆေးရုံတစ်ခု၌ အောက်တိုဘာလ ၁၇ ရက် ညဘက်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း...
မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂ဝ ရက်တွင် ၈ နာရီကြာ ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဟု အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စုလက်အောက်မှ လွတ်မြောက်စေရန် အီရတ်အစိုးရ၏ လုပ်ဆောင်မှုအား အီရန်နိုင်ငံက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ရီဟတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် ဟာချ် ဗီဇာကိုင်ဆောင်ထားပြီး သက်တမ်းလွန် နေထိုင်သည့် နိုင်ငံခြားသား ဘုရားဖူးများအား စတင် အရေးယူနေပြီဖြစ်ကြောင်း ဒေသခံ သတင်းစာ Okaz က ဖော်ပြထားသည်။