Connect with us

Africa & Middle East

အိုင်အက်စ်တို့ လက်မှ လွတ်မြောက်လာသော သားများနှင့် မိဘများ ပေါင်းစည်းခွင့် မျက်ရည်ဖြေမဆည်နိုင်ပြီ


ဒမတ်စကက်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် လွန်ခဲ့သည့် လပိုင်းများက အလုပ်ကြမ်းများ ခိုင်းစေရန် အိုင်အက်စ် (IS) စစ်သွေးကြွများ၏ ပြန်ပေးဆွဲခံခဲ့ရသော သားများနှင့် ၎င်းတို့၏ မိဘများ အောက်တိုဘာလ ၂၉ ရက်၌ ပြန်လည် ဆုံဆည်းခွင့် ရခဲ့ချိန်တွင် မိဘများ၏ မျက်ရည် ဖြေမဆည်နိုင် ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ်က ဆီးရီးယား အလယ်ပိုင်းရှိ ဟုမ်းစ်ပြည်နယ် Qarayatayn မြို့မှ အိုင်အက်စ်အဖွဲ့ ဖရိုဖရဲ ဆုတ်ခွာခဲ့ရပြီးနောက် မြို့နေ လူထုက ၎င်းတို့၏ ဘဝများအား အတူတကွ ကြိုးစားကာ ပြန်လည် ထူထောင်ခဲ့ကြသည်။

သို့သော် လွန်ခဲ့သောလတွင်မူ မျက်နှာဖုံးစွပ် တပ်ဆင်ထားသော စစ်သွေးကြွများက မြို့အတွင်း တစ်ဖန် ပြန်ပေါ်လာကာ ဆိုးယုတ်မှုများလည်း ပြန်လည် ဖြစ်ပေါ်လာခဲ့ပေသည်။

နေအိမ်များအား တရကြမ်းဝင်ရောက်ခဲ့ပြီး ၎င်းတို့အတွက် အသုံးဝင်နိုင်မည့် အရာများအား ယူဆောင်ခြင်း၊ မိခင်များနှင့် ဖခင်များ၏ ငိုကြွေးမှု မျက်ရည်များကြားမှ ၎င်းတို့၏ သားသမီး လူငယ် လူရွယ်များအား စတင် ဖမ်းဆီးပါတော့သည်။

မြို့နေ မိသားစုများ၏ အဆိုအရ အိုင်အက်စ်များ ဖမ်းဆီးခံရသူက သေလူဖို့ အသေအချာဆိုသော်လည်းပဲ ၎င်းတို့၏ မျှော်လင့်ချက်ကား သေဆုံးမသွားခဲ့ပေ။ ၎င်းတို့၏ သားများ အသက်ရှင်သေးသလော၊ သေဆုံးသွားပြီလော မသိရှိရဘဲ တစ်လလုံးလုံး မရေမရာ အခြေအနေများအကြား ၎င်းတို့ နေထိုင်ခဲ့ရသည်။

အိုင်အက်စ်များ ပြန်ပေးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသော သားများနှင့် မိဘ ဆွေမျိုးများ ပြန်လည် ဆုံစည်းနေသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိုင်အက်စ်များ ပြန်ပေးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသော သားများနှင့် မိဘ ဆွေမျိုးများ ပြန်လည် ဆုံစည်းနေသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိုင်အက်စ်များ ပြန်ပေးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသော သားများနှင့် မိဘ ဆွေမျိုးများ ပြန်လည် ဆုံစည်းနေသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိုင်အက်စ်များ ပြန်ပေးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသော သားများနှင့် မိဘ ဆွေမျိုးများ ပြန်လည် ဆုံစည်းနေသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိုင်အက်စ်များ ပြန်ပေးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသော သားများနှင့် မိဘ ဆွေမျိုးများ ပြန်လည် ဆုံစည်းနေသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်း မြို့နေ အမျိုးသား တစ်ဦးဖြစ်သူ အသက် ၆၀ နှစ်အရွယ် Abu Diab ဆိုသူက အိုင်အက်စ်များ မြို့အတွင်း ဒုတိယအကြိမ် ပြန်လည် ဝင်ရောက်လာခဲ့သည့် စက်တင်ဘာလ ၂၉ ရက် ညပိုင်းမှ ပြန်လည် ထွက်ခွာခဲ့သည့် အောက်တိုဘာလ ၂၁ ရက်အထိ ဖြတ်သန်းခဲ့ရသော ကြောက်မက်ဖွယ် အခိုက်အတန့်အား ပြန်ပြောင်း ပြောပြခဲ့သည်။

“အဲဒီ အဖွဲ့အစည်း (IS) ကို ကျွန်တော်တို့ ရုတ်တရက် ပြန်တွေ့လိုက်ရတယ်။ လူသတ်ပွဲ ကျင်းပသလို လူတွေကို သတ်ပြီး မြို့ကိုလဲ ဖျက်ဆီး၊ ကျွန်တော်တို့ရဲ့ သားတွေကိုလဲ ဖမ်းသွားခဲ့တယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောသည်။

အိုင်အက်စ်များ မြို့ကို ထိန်းချုပ်ခဲ့သည့် ၂၂ ရက်တာကာလအတွင်း အစိုးရတပ်များကို သတင်းပေးသူများအဖြစ် စွပ်စွဲပြီး အရပ်သား ၁၆၀ ကျော်ကို အိုင်အက်စ်များက သတ်ပစ်ခဲ့သည်။

အချို့ ကွပ်မျက်မှုများကိုမူ အများပြည်သူ ရှေ့မှောက်တွင်ပင် လုပ်ဆောင်ခဲ့သည်။ မြို့အား စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ချိန်တွင် အသတ်ခံခဲ့ရသူများ၏ သချိ ၤုင်းမြေပုံများအား ပြန်လည် တူးဖော်ကာ မိသားစုများမှ စနစ်တကျ ပြန်လည် မြှုပ်နှံခဲ့ရသည်။

အခြား အမျိုးသား တစ်ဦးဖြစ်သူ မာမွတ်ဟူစိန်ကလည်း အိုင်အက်စ်များ မြို့သို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာချိန်က ၎င်းတို့၏ ဘဝများ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့လ သူတို့ (IS) ရောက်မလာခင်က အရမ်းကို ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရတယ်။ သူတို့ ရုတ်တရက် ကျွန်တော်တို့ နယ်မြေထဲ စီးနင်းဝင်ရောက်လာပြီး လူတွေ သတ်တော့တာပါပဲ” ဟု ၎င်းက ပြန်ပြောင်း ပြောပြခဲ့သည်။

ထို့ပြင် စစ်သွေးကြွများသည် ဈေးဆိုင်များကို မွှေနှောက်ကာ ဆိုင်အတွင်းရှိ အရာအားလုံးကို ခိုးယူခြင်း၊ လူနေအိမ်များအတွင်းလည်း ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်ပြီး လူငယ်လူရွယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မာမွတ်ဟူစိန်က ဖြည့်စွက် ပြောကြားခဲ့သည်။

သို့သော်လည်း ပြန်ပေးဆွဲခံ လူငယ် ၁၀၀ ဦးအနက် ၂၅ ဦးအား အစိုးရ ပြန်လည် ရှာတွေ့ခဲ့ပြီးနောက် ၎င်းတို့၏ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခဲ့ကာ အိုင်အက်စ်များ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည့် မြို့ တောင်ဘက်စွန်းရှိ နယ်မြေများမှ ၎င်းတို့၏ ကျန်ရှိနေသေးသော ပြန်ပေးဆွဲခံ သားများအား ပြန်လည် ဆုံတွေ့နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

“သူတို့ (IS) ရဲ့ ကျွန်တွေအဖြစ် ကျွန်တော်တို့ကို ဖမ်းဆီးခဲ့ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် နောက်ဆုံးမှာ ကျွန်တော်တို့ လွတ်မြောက်လာခဲ့ပါပြီ။ သူတို့ ဖမ်းသွားခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ လုပ်ကိုင်ခဲ့ရတာတွေကို ပြန်ပြောပြဖို့ ကျွန်တော့်မှာ စကားလုံး မရှိတော့ပါဘူး။ အဲ့ဒီအချိန် ကျွန်တော်ခံစားမှုှက မေ့မရနိုင်ပါဘူး။ နောက်ဆုံးမှာတော့ ခုလို ကျွန်တော့် မိသားစုနဲ့ ပြန်ပြီး ဆုံခွင့်ရခဲ့ပါပြီ” ဟု လွတ်မြောက်လာသူ တစ်ဦးဖြစ်သူ Samer က ဆင်ဟွာသို့ ပြောသည်။

အခြား လွတ်မြောက်သူ တစ်ဦးဖြစ်သူ အာမတ်ကလည်း ၎င်းတို့အား အိုင်အက်စ် စစ်သွေးကြွများက ပစ္စည်းများအား တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ခိုင်းခြင်း၊ အိုင်အက်စ်များ သတ်၍ သေဆုံးခဲ့ရသူများအား မြှုပ်နှံရန် မြေတွင်းများ တူးရခြင်း စသဖြင့် လုပ်ပေးခဲ့ရသည်ဟု ဆိုသည်။

Qarayatayn မြို့၏ ပင်မရင်ပြင် တစ်နေရာတွင် မိသားစု ဆယ်စုခန့်က ပင်မ ဝင်ပေါက်ဝအား မျှော်လင့်ချက်ကြီးစွာနှင့် စောင့်ဆိုင်းလျက်ရှိသည်။

မြို့အတွင်းတွင်မူ အိုင်အက်စ် အမှတ်သင်္ကေတများအား ဒေသခံများက ဖယ်ရှားပစ်ခဲ့ကြသည်။

Qarayatayn မြို့သည် ဟုမ်းစ်ပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသနှင့် ဆီးရီးယား ကန္တာရရှိ နယ်မြေများနှင့် ချိတ်ဆက်နေသဖြင့် ဗျူဟာမြောက် အရေးပါသောမြို့ ဖြစ်သည်။

ထို့ပြင် ဆီးရီးယားနိုင်ငံ Qara မြို့နှင့် နီးကပ်ပြီး ဟဇ်စ်ဘိုလာ ရှီးအိုက်အဖွဲ့ အခိုင်အမာ တပ်စွဲထားရာ နေရာလည်း ဖြစ်သလို ဆီးရီးယားစစ်တပ်၏ အဓိက တိုက်ပွဲနေရာလည်း ဖြစ်သည်။

ပြည်သူများ၏ ပျော်ရွှင်စွာ ကြွေးကြော်သံများအကြားမှ အိုင်အက်စ်များ လက်မှ ပြန်လည် လွတ်မြောက်လာသော သားများအား တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး ရင်ပြင်သို့ ရောက်ရှိလာပြီး ဝမ်းသာ မျက်ရည်များနှင့်အတူ မိသားစုများ ပြန်လည် ပေါင်းစည်းခွင့်ရခဲ့ပါပြီ။

အဆိုပါ မြင်ကွင်းက စိတ်ထိခိုက်ဖွယ်ရာကောင်းလှသည်။ ဝမ်းသာ မျက်ရည်များက ထိန်းချုပ်မှု ကင်းမဲ့စွာ ကျဆင်းလာကာ မိဘများနှင့် သားများ အပြန်အလှန် တင်းကျပ်စွာ ဖက်ထားကြသည်ကို တွေ့ကြရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.