Connect with us

Asia

အိန္ဒိယ ငါးဖမ်းသမား ၆၈ ဦးကို ပါကစ္စတန် ပြန်လွှတ်ပေး


အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နယ်စပ်ချင်း အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် တင်းမာမှုမျာအား လျှော့ချသည့်အနေဖြင့် အိန္ဒိယ ငါးဖမ်းလုပ်သား ၆၈ ဦးအား ပါကစ္စတန်က အောက်တိုဘာလ ၂၉ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အိန္ဒိယ ငါးဖမ်းသမားများသည် ပါကစ္စတန် ရေပိုင်နက်အတွင်းသို့ ကျူးကျော်ကာ တရားမဝင် ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့ရှိ အကျဉ်းထောင် တစ်ခုမှ လွတ်မြောက်လာသူများ ဖြစ်သည်။

ပါကစ္စတန်နိုင်ငံမှ ပြန်လွှတ်ပေးခဲ့သော အိန္ဒိယ ငါးဖမ်းသမားများအား အောက်တိုဘာလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လွတ်မြောက်လာသော ငါးဖမ်းသမားများအား အောက်တိုဘာလ ၃၀ ရက်တွင် Wahga နယ်စပ်တွင် အိန္ဒိယ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အစ္စလာမ်မာဘတ်ရှိ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားချက်အား တာဝန်ရှိသူများ လက်ခံရရှိပြီးနောက် အဆိုပါ ငါးဖမ်းသမားများအား လွှတ်ပေးခဲ့ကြောင်း Sindh ပြည်နယ်မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်တလျှောက် တရားမဝင် ငါးဖမ်းမှုကြောင့် ငါးဖမ်းသမားများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိနေသော်လည်း ပင်လယ်ရေကြောင်း နယ်သတ်မှတ်မျဉ်းအတွက် သဘောတူညီမှု မရရှိသေးပေ။

ယခုနှစ် ဇူလိုင်လကလည်း အိန္ဒိယ ငါးဖမ်းသမား ၇၈ ဦးအား ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.