Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဘုရားဖူးကား ချောက်ထဲကျ၊ လူ ၄ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ချောက်ထဲပြုတ်ကျနေသော ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒတ်ရှ်ပြည်နယ်၌ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်) တွင် ပြောကြားလိုက်သည်။

“စနေနေ့ (အောက်တိုဘာလ ၂၈ ရက်) ညပိုင်းက နိုင်ငံပိုင် ဘုရားဖူး ဘတ်စ်ကားတစ်စီး ရှင်းမ်လားခရိုင် ကူမာစိန်းနယ်မြေအနီးက ချောက်နက်ကြီးထဲ ပြုတ်ကျသွားခဲ့တာပါ” ဟု အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။အခင်းဖြစ်ပွားရာနေရာတွင်ပင် ခရီးသည် ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဒေသ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အချို့မှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဘတ်စ်ကားပေါ်တွင် ယာဉ်မောင်း တစ်ဦး၊ လက်မှတ်ရောင်းသူ တစ်ဦးနှင့် ခရီးသည် ၃၀ ဦး ပါဝင်ကြောင်း Jeori သို့ သွားရာလမ်းပေါ်၌ ယခုလို ဖြစ်ပွားရခြင်း ဖြစ်သည်။ရဲတပ်ဖွဲ့သို့ ပြောပြသည့် မျက်မြင်သက်သေများ၏ အဆိုအရ လမ်းအကွေ့ တစ်နေရာအရောက်တွင် ယာဉ်မောင်းက ကားကို မထိန်းနိုင်ဖြစ်ကာ ယခုလို ချောက်ထဲ ပြုတ်ကျရခြင်း ဖြစ်ကြောင်း သိရသည်။အခင်းဖြစ်ပွားမှုအား စုံစမ်းရန် ညွှန်ကြားထားကြောင်း အဆိုပါ အရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။တောင်ထူထပ်သော ဟိမာချယ်ပရာဒတ်ရှ်ပြည်နယ်၌ ကားတိမ်မှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ဧပြီလတွင် ဘတ်စ်ကား တစ်စီး တောင်တက်လမ်း တစ်ခုပေါ် တိမ်းမှောက်ကာ မြစ်အတွင်း ပြုတ်ကျခဲ့ခြင်းကြောင့် လူ ၄၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)