Connect with us

Asia

အိန္ဒိယတွင် ထရန်စဖော်မာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄ဦးရှိ

လျှပ်စစ်ဓါတ်အားပေး ထရန်စဖော်မာတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် တွင် အောက်တိုဘာ ၃၁ရက်က ထရန်စဖော်မာတစ်လုံး ပေါက်ကွဲခဲ့ရာ သေဆုံးသူဦးရေသည် နိုဝင်ဘာ ၁ ရက်တွင် လူ၁၄ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ရက် တွင်ပြောကြားခဲ့သည်။

လူ ၇ဦးကို ဆေးရုံ၌ ဆေးကုသပေးထားကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ရာဂျာစတန်ပြည်နယ် မြို့တော် ဂျိုင်ပေါမြို့ အနီး ဆာ့ပူရာမြို့ ရှိ ခတ်လိုအီရွာတွင် အောက်တိုဘာ ၃၁ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ မင်္ဂလာဆောင်တစ်ခုအတွက် ထရန်စဖော်မာအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက “ပြုပြင်ထိန်းသိမ်းမှုအားနည်းတဲ့ ထရန်စဖော်မာတစ်လုံး အောက်တိုဘာ ၃၁ရက်က ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် အခင်းဖြစ်ပွားရာမှာပင် လူ ၄ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို SMS ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ညဘက်မှာ နောက်ထပ် လူ၁၀ဦးသေဆုံးခဲ့တဲ့အတွက် သေဆုံးသူဦးရေဟာ ၁၄ဦးရှိလာပါတယ်” ဟုပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို တိကျစွာသိရှိခြင်းမရှိသေးကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် Vasundhara Raje က သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

မင်္ဂလာဆောင်ပွဲအတွက် လိုအပ်သည်များနှင့် အခင်းအကျင်းများကို နေအိမ်အတွင်း၌ ပြင်ဆင်နေပြီး အပြင်ဘက်၌ ဧည့်သည်များ နေရာယူနေစဉ် ဒေသစံတော်ချိန် ညနေ ၃း၃၀နာရီ၌ ထရန်စဖော်မာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ Bhola Ram က “အမျိုးသမီးတွေက မင်္ဂလာဆောင်အတွက် ကျေးလက်သီချင်းတွေ သီဆိုနေပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက အိမ်အပြင်ဘက်မှာ ရပ်နေကြစဉ် ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လောင်စာဆီပူတွေဟာ လူအများကြီးဆီ လွင့်စင်လာပြီး အမျိုးသမီးအများစု မီးလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ယင်းကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် အစိုးရနှင့် လျှပ်စစ်ဋ္ဌာနအပေါ် ဒေသခံများ၏ ဆန္ဒပြမှုများ ထွက်ပေါ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.