Connect with us

Asia

ကိုလံဘီယာတွင် မိုးကြိုးပစ်၍ အဖေနှင့် သား သေဆုံး

ကောင်းကင်ယံတွင် လျှပ်စီးလက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘိုဂိုတာ၊ အောက်တိုဘာလ ၂၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ၌ သစ်ပင် တစ်ပင်အောက်တွင် မုန်တိုင်းဒဏ်မှ ရှောင်ရှားရန် နားခိုရာ ရှာဖွေနေသည့် သားအဖ နှစ်ဦးမှာ မိုးကြိုး ထိမှန်ကာ သေဆုံးခဲ့ကြောင်း ကိုလံဘီယာ မီဒီယာက အောက်တိုဘာလ ၂၈ ရက်က သတင်းဖော်ပြခဲ့သည်။

အဆိုပါ သေဆုံးသူများသည် Omar Fajardo Rivera နှင့် Diego တို့ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦး ကြံစိုက်ပျိုးနေစဉ် ရုတ်တရက် မုန်တိုင်းကျခဲ့သဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း Caracol News Network အရ သိရသည်။အဆိုပါ ဖြစ်ရပ်သည် ကိုလံဘီယာနိုင်ငံ အနောက်တောင်ဘက် Popayan ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။၎င်းတို့နှင့် အတူလိုက်ပါလာသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်မှာမူ အသက်ရှင်ကျန်ရစ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။အပူပိုင်း မုန်တိုင်းများသည် အလွန်ကြောက်စရာ ကောင်းကြောင်းနှင့် ယခုကဲ့သို့ မိုးကြိုးများ ဆက်တိုက်ပစ်သည်ကို မမြင်တွေ့ခဲ့ရဘူးကြောင်း သေဆုံးသူ၏ ဆွေမျိုး တစ်ဦးဖြစ်သူ Nelly Rivera က ပြောသည်။ (Xinhua)