Connect with us

International Organizations

နယူး ကယ်လီဒိုးနီးယား အနီး ပင်လယ်ပြင်တွင် ရစ်(ခ်)တာစကေး (၆.၈)အဆင့် ရှိသော ငလျင် လှုပ်ခတ်

နယူး ကယ်လီဒိုးနီးယား ကျွန်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ငလျင်တိုင်းတာရေးဌာန ထုတ်ပြန်ခဲ့သည့် အချက်အလက် အရ အောက်တိုဘာ ၃၁ ရက်နေ့၌ တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ နယူး ကယ်လီဒိုးနီးယား အနီး ပင်လယ်ပြင်တွင် ရစ်(ခ်)တာစကေး (၆.၈)အဆင့် ရှိသော ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။

ငလျင်သည် ဂရင်းနစ်စံတော်ချိန် အောက်တိုဘာ ၃၁ ရက်နေ့ ၀ နာရီ ၄၂ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငလျင်သည် နယူး ကယ်လီဒိုးနီးယား ကျွန်း အရှေ့ဘက် ၁၂၆ ကီလိုမီတာ အကွာရှိ ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့ကာ ငလျင်သည် မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။

ပစိဖိတ်ဒေသ ဆူနာမီ သတိပေး စင်တာ က ယခု အကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဆူနာမီ မဖြစ်ပွား နိုင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

နယူး ကယ်လီဒိုးနီးယား ဒေသ သည် ပြင်သစ် နိုင်ငံ ပိုင် ကျွန်းစု ဖြစ်ပြီး တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိကာ နယူး ကယ်လီဒိုးနီးယား ကျွန်း နှင့် အခြား ကျွန်းနှစ်ကျွန်း ဖြင့် ဖွဲ့စည်း ထားသည့် ကျွန်းစု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.