ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံ ရွှေရောင်ခေတ် ဆက်ဆံရေး အား ခိုင်မာစေရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ရန်အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း ခရိုင်တစ်ခုရှိ အထပ်ပေါင်းများစွာပါရှိသည့် အထည်ချုပ်စက်ရုံတစ်ခု တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသည် “ အချိန်ဖြုန်းနေ” ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်းမီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင်သတင်းဖော်ပြခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံအလယ်ပိုင်း Nigde ပြည်နယ် ရှိ ရဲသင်တန်းကျောင်းတစ်ခုတွင် စက်တင်ဘာ ၂၀ ရက်က ရဲရဟတ်ယာဉ် တစ်စီးဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ Nicos Anastasiades တို့သည် စက်တင်ဘာလ ၁၉ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်အတွင်း သီးသန့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ရှေ့တန်းစစ်မျက်နှာပြင် ဆေးရုံအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တာဝန် ပူးတွဲကာ တောင်ဆူဒန်တွင် လာမည့်နှစ် အစောပိုင်း၌ တာဝန်ယူစေမည် ဖြစ်ကြောင်း ဗီယက်နမ် ငြိမ်းချမ်းရေးစင်တာက စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ်၏ ပထမ၈လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဦးရေသည် ၂၃.၅သန်း ရှိမည်ဟု ခန့်မှန်းရကြောင်း အကြီးတန်းထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက် တွင်ပြောကြားခဲ့သည်။
ဆန်နာ ၊ စက်တင်ဘာ ၂ဝ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Hajjah ပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင်တစ်ခုတည်းမှ လူ ၉ ဦးသေဆုံးသွားကြောင်း လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။
ဂျနီဗာ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် စက်တင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၃၉ဦးသေဆုံးပြီး အခြားလူ ၉၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း UNHCR က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အစိုးရ သတင်း ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်း အချိန်တွင် မက္ကဆီကို နိုင်ငံ အလယ်ပိုင်း ၌ အင်အား ရစ်(ခ်)တာစကေး ၇.၁ အဆင့်ရှိ ငလျင်...