Connect with us

Asia

ယခုနှစ် ပထမ၈လအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ၂၃.၅သန်းလာရောက်လည်ပတ်

ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ်၏ ပထမ၈လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဦးရေသည် ၂၃.၅သန်း ရှိမည်ဟု ခန့်မှန်းရကြောင်း အကြီးတန်းထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက် တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားအများစုသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ၂၀၁၆ခုနှစ် အလားတူ ကာလထက် ၅.၃၆ရာခိုင်နှုန်းမြင့်တက်လာကာ ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ဝင်ငွေ ထိုင်းဘတ် ၁.၂ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၅ဘီလီယံ) ရရှိစေခဲ့ကြောင်း ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် Pongpanu Svetarundra ကပြောကြားခဲ့သည်။

ယင်းဝင်ငွေရရှိမှုသည် ၂၀၁၆ခုနှစ် အလားတူကာလထက် ၇.၄၇ရာခိုင်နှုန်း တိုးတက်လာကြောင်း ၎င်းကပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုအရ တရုတ်ခရီးသွားများသည် ထိုင်းခရီးသွားလုပ်ငန်း၏ အကြီးမားဆုံး ထောက်ပံ့သူများဖြစ်ပြီး စုစုပေါင်း နိုင်ငံခြားသားခရီးသွားအရေအတွက်၏ ၃၀ရာခိုင်နှုန်း နှင့် နိုင်ငံခြားသားခရီးသွား လုပ်ငန်းမှ ဝင်ငွေ စုစုပေါင်း၏ ၃၀ရာခိုင်နှုန်း ကို ၎င်းတို့မှ ရရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117