ဒါကာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့မှ ၉၇ကီလိုမီတာခန့်အကွာ အလယ်ပိုင်း Tangail ခရိုင်တွင် နိုဝင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်လေတပ်မှ လေ့ကျင့်ရေးလေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်ခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းအလွန်တွင် နိုဝင်ဘာ ၂၃ ရက်က ကနဦးတိုင်းတာချက်များအရ အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန က ပြောကြားခဲ့သည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် စစ်သွေးကြွ တပ်မှူးအဆင့် လေးဦးအပါအဝင် လက်နက်ကိုင် တာလီဘန်စစ်သွေးကြွ ၅၄ ဦး ပူးပေါင်းပါဝင်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ သံတမန်ရပ်ကွက်တွင် နိုဝင်ဘာလ ၂၃ ရက်နံနက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အန်ကာရာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်း Malatya ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပါရီ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Martigues မြို့၌ သန်းခေါင်ယံအချိန် တွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်စပ်နေသော သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူငယ်အမျိုးသား ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) GRU ဟူ၍ လူသိများသော ရုရှားနိုင်ငံ အဓိကထောက်လှမ်းရေးညွှန်ကြားမှုအဖွဲ့အကြီးအကဲ Igor Korobov သည် အပြင်းအထန် နာမကျန်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၁ ရက်၌ အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Binh Phuoc ပြည်နယ်တွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ ကြောင်း ဗီယက်နမ် မီဒီယာများ၏ သတင်းများအရ သိရသည်။
ဒမက်စကက်စ်၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို ပြီးခဲ့သော လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယင်းနယ်စပ်ဂိတ်မှ တစ်ဆင့် မိမိနိုင်ငံသို့ ပြန်လည် ထွက်ခွာသွား သော ဆီးရီးယား ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆီးရီးယား မီဒီယာများ၏ နိုဝင်ဘာ ၂၁ ရက်နေ့...
အန်ကာရာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ မြောက်ပိုင်း Zonguldak ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း တစ်ခုသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။