ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင် လွှတ်တော်အဆောက်အဦထဲသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည်ဟု သံသယရှိသူများအား တရားစွဲဆိုထားရာ လူပေါင်း (၃၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး လူ(၂၈၀)ကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
မက္ကစီကိုစီးတီး ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ မြို့တော်အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဖြစ်ပွားခဲ့သည့် Croix-des-Bouquets အကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်းကို ဟေတီအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
ဗျူနိုအေးရိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်၌ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ကောင်းကင်သို့ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက...
ဂျကာတာ၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်အလယ်ပိုင်းရှိ ရွှေတွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိထားပြီး အခြား လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ အရာရှိတစ်ဦးက ယနေ့ ဖေဖော်ဝါရီ...
လော့စ်အိန်းဂျလိစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိစ်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း အာဏာပိုင်များက ဆိုသည်။
ကွီတို၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်သုံးခုတွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြိုင်ဘက် ဂိုဏ်းအုပ်စုဝင်များအကြား အပြန်အလှန် ပဋိပက္ခဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၆၇ ဦးသေဆုံးသွားကြောင်း လူငယ်ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဘက်စုံစောင့်ရှောက်ရေးဌာနညွှန်ကြားရေးမှူး Edmundo Moncayo က ကွီတိုမြို့အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)