Connect with us

North America

ဗဟို အမေရိကတိုက် နိုင်ငံ(၄)နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့်ရင်ဆိုင်နေရသူဦးရေ အဆမတန်မြင့်တက်လာ

ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် Vado Hondo နယ်စပ်မြို့တွင် ဇန်နဝါရီ ၁၈ ရက်က ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက ဖော်ပြထားသည်။

ယခုနှစ် အဆိုပါနိုင်ငံ(၄)နိုင်ငံတွင် လူပေါင်း (၈)သန်း နီးပါး ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရပြီး ၎င်းမှာ ၂၀၁၈ ခုနှစ် က ရှိခဲ့သော အရေအတွက် (၂.၂) သန်းထက် များစွာ တိုးမြင့်လာခြင်းဖြစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဆိုသည်။

ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် Vado Hondo နယ်စပ်မြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က နေရပ်ပြန်သွားရန်လူစုခွဲနေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် Vado Hondo နယ်စပ်မြို့တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများအား ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က နေရပ်ပြန်သွားရန်လူစုခွဲနေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပွားတဲ့ စီးပွားရေးအကျပ်အတည်းသည် အင်အားချိနဲ့သည် လူတွေအတွက် စားနပ်ရိက္ခာ မဝယ်နိုင်တော့အောင်ဖြစ်ခဲ့ရတယ်”၊ ဗဟိုအမေရိကတိုက်ဒေသတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ဟာရီကိန်းမုန်တိုင်း နှစ်ကြိမ်တိုက်ခက်မှုကြောင့် သူတို့အတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်စေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) လက်တင်အမေရိကနှင့် ကာရီဘီယံဒေသရေးရာ အကြီးအကဲ Miguel Barretoက ဆိုသည်။

အသက်(၇၀)ရှိပြီဖြစ်သည့် Marina Rosadoနှင့် ၎င်း၏ သားသမီး၊မြေးမြစ်များသည် ဟွန်ဒူးရပ်စ်မြို့ Limaလမ်းမပေါ်က အိမ်ခြေရာမဲ့များဖြစ်ပြီး ဗူးပုလင်းကောက်ယူရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်သည်။

“သူများပေးတဲ့ အစားအစာအနည်းငယ်ကိုပဲ ကျွန်မတို့ စားရပါတယ်”ဟု Marina Rosadoက ဆိုသည်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးကြောင့် Marina Rosadoတို့၏စားဝတ်နေရေး ပူပန်သောကဖြစ်နေရချိန်တွင် ဟာရီကိန်းမုန်တိုင်းက သူတို့မိသားစုအတွက် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်စေခဲ့သည်။

ယခုနှစ်များတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဗဟိုအမေရိကတိုက် စင်္ကြံတစ်လျှောက်ဒေသ၏ မိုးခေါင်ရေရှားအခြေအနေများ ပို၍ဆိုးဝါးလာခဲ့ရာ ယင်းဒေသတွင်ငတ်မွတ်ခေါင်းပါးမှုအခြေအနေသည်လည်း အထူးပင် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ စစ်တမ်းကောက်ယူချက်များအရ စစ်တမ်းကောက်ယူထားသူ (၁၅)ရာခိုင်နှုန်းက ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်နေကြောင်း ဗဟိုအမေရိက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဆိုသည်။ ၎င်းရာခိုင်နှုန်းမှာ ၂၀၁၈ ခုနှစ် စစ်တမ်းကောက်ယူမှု၏ နှစ်ဆနီးပါးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-
(Chinese Version)
中美洲四国饥荒人数激增

202102/2507:09:13
来源:新华网
 联合国世界粮食计划署23日发布最新数据显示,萨尔瓦多、危地马拉、洪都拉斯和尼加拉瓜这4个中美洲国家饥荒人数过去两年翻了近两番。
  世界粮食计划署说,这四国今年有将近800万人正在忍饥挨饿,比2018年的220万大幅增加。
  “新冠疫情引发的经济危机已导致最弱势的群体买不起粮食。”世界粮食计划署拉丁美洲及加勒比地区事务主管米格尔•巴雷托说,中美洲地区去年11月遭遇的两场飓风对他们造成“进一步打击”。
 现年70岁的玛丽娜•罗萨多和她的儿子、孙子在洪都拉斯城市拉利马街头流浪,以捡拾瓶瓶罐罐卖钱为生。
  “我们吃别人给我们的少许食物。”罗萨多说。
 新冠疫情防控措施让罗萨多为生计愁,而飓风给他们家“雪上加霜”。
  近年来,气候变化导致中美洲“干旱走廊”地带干旱情况愈发严重,这一地区饥荒状况尤其糟糕。
  世界粮食计划署说,今年1月调查发现,中美洲15%受调查者称正在筹划移民。这一百分比是2018年调查所获结果的近两倍。(陈丹)【新华社微特稿】
图说1: 1月18日,在危地马拉奇基穆拉省靠近洪都拉斯的边境小镇巴多翁多,大批中美洲移民聚集在一条道路上。
图说2、3:- 1月18日,在危地马拉奇基穆拉省靠近洪都拉斯的边境小镇巴多翁多,大批中美洲移民在一处公路上遭危地马拉安全部队驱赶。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.