Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၏ ရွှေတွင်း မြေပြိုမှုတွင် အနည်းဆုံး ၅ ဦးသေဆုံး ၊ ၇၀ ကျော် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ် မြောက်ပိုင်း Bolaang Mongondow ခရိုင်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က လိုင်စင်မဲ့ရွှေတွင်းတစ်ခု ပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက ရုပ်အလောင်းတစ်လောင်းကို သယ်ထုတ်လာစဉ်(ဆင်ဟွာ)

 

ဂျကာတာ၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်အလယ်ပိုင်းရှိ ရွှေတွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိထားပြီး အခြား လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ အရာရှိတစ်ဦးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ရက်ပေါင်းများစွာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် Parigi Mountong ခရိုင် Buranga ကျေးရွာရှိ မိရိုးဖလာ လက်လုပ် ရွှေတွင်းတစ်ခု၏ မြေအောက်ဥမင်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီအကြီးအကဲ Datu Pamusu Tombolotutu က ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဖြေကြားခဲ့သည်။

“ ရုပ်အလောင်း ၅ လောင်းကို ကျွန်တော်တို့ရှာဖွေတွေ့ရှိထားပါတယ်။ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဆီကလည်း တိုင်ကြားမှုတွေကို လက်ခံရရှိထားပါတယ် ၊ အများစုကတော့ မြေအောက်မှာ ပိတ်မိနေဖို့ များပါတယ် ” ဟု Pamusu ကဆိုသည်၊။

ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက လုပ်ဆောင်နေကြောင်း ၊ အခင်းဖြစ်နေရာတွင် မြေတူးစက်တစ်လုံး နှင့် အခြားသော ကယ်ဆယ်ရေးကိရိယာများကို အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ဝန်ထမ်းများ နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူများသည် စေတနာ့ဝန်ထမ်းများနှင့်အတူ ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အရာရှိက ဆိုသည်။(Xinhua)

———————————————–
(Englsih Version)
At least 5 killed, about 70 missing after landslides in Indonesia’s gold mine

JAKARTA, Feb. 25 (Xinhua) — Five bodies have been recovered and about 70 others were reported missing following landslides at a gold mine in Indonesia’s Central Sulawesi province on Wednesday afternoon, a disaster agency official said on Thursday.
Days of heavy downpours triggered the landslides in a tunnel of a traditional gold mine located in Buranga village of Parigi Mountong district, Head of Provincial Disaster Management Agency Datu Pamusu Tombolotutu told Xinhua via phone from the scene.
“We have got five bodies and received reports from members of families about missing persons. The total is 70. Many of them could be buried underground,” said Pamusu.
Search and rescue of the victims have been undertaken since Wednesday, one excavator and other devices have been deployed to the scene, he said.
Soldiers, policemen, personnel from local search and rescue office and from disaster agency along with volunteers have been involved in the search and rescue mission, the official said. Enditem

Photo caption- Members of Indonesian Search and Rescue (SAR) team pull out a body of a gold miner after an unlicensed gold mine collapsed at Bolaang Mongondow district of North Sulawesi province, Indonesia, Feb. 28, 2019. (Xinhua/Stri
———————————————–
(Zawgyi Version)
အင္ဒိုနီးရွားႏိုင္ငံ၏ ေ႐ႊတြင္း ေျမၿပိဳမႈတြင္ အနည္းဆုံး ၅ ဦးေသဆုံး ၊ ၇၀ ေက်ာ္ ေပ်ာက္ဆုံးေန

ဂ်ကာတာ၊ေဖေဖာ္ဝါရီ ၂၅ ရက္(ဆင္ဟြာ)

အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝဆီျပည္နယ္အလယ္ပိုင္းရွိ ေ႐ႊတြင္းတစ္ခုတြင္ ေဖေဖာ္ဝါရီ ၂၄ ရက္ ညေနပိုင္းက ေျမၿပိဳမႈျဖစ္ပြားခဲ့ရာ ႐ုပ္အေလာင္း ၅ ေလာင္းကို ရွာေဖြေတြ႕ရွိထားၿပီး အျခား လူေပါင္း ၇၀ ေက်ာ္ ေပ်ာက္ဆုံးေနေၾကာင္း သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီမွ အရာရွိတစ္ဦးက ယေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ အတည္ျပဳေျပာၾကားခဲ့သည္။

ရက္ေပါင္းမ်ားစြာ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ Parigi Mountong ခ႐ိုင္ Buranga ေက်း႐ြာရွိ မိ႐ိုးဖလာ လက္လုပ္ ေ႐ႊတြင္းတစ္ခု၏ ေျမေအာက္ဥမင္တြင္ ေျမၿပိဳမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ေနရာသို႔ေရာက္ရွိေနသည့္ ျပည္နယ္သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီအႀကီးအကဲ Datu Pamusu Tombolotutu က ဆင္ဟြာသတင္းဌာနသို႔ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေျဖၾကားခဲ့သည္။

“ ႐ုပ္အေလာင္း ၅ ေလာင္းကို ကြၽန္ေတာ္တို႔ရွာေဖြေတြ႕ရွိထားပါတယ္။ ေပ်ာက္ဆုံးေနသူေတြရဲ႕ မိသားစုဝင္ေတြဆီကလည္း တိုင္ၾကားမႈေတြကို လက္ခံရရွိထားပါတယ္ ၊ အမ်ားစုကေတာ့ ေျမေအာက္မွာ ပိတ္မိေနဖို႔ မ်ားပါတယ္ ” ဟု Pamusu ကဆိုသည္၊။

ရွာေဖြေရး ႏွင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ေဖေဖာ္ဝါရီ ၂၄ ရက္ကတည္းက လုပ္ေဆာင္ေနေၾကာင္း ၊ အခင္းျဖစ္ေနရာတြင္ ေျမတူးစက္တစ္လုံး ႏွင့္ အျခားေသာ ကယ္ဆယ္ေရးကိရိယာမ်ားကို အသုံးျပဳေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎က ဆိုသည္။

စစ္သားမ်ား ၊ ရဲတပ္ဖြဲ႕ဝင္မ်ား ၊ ရွာေဖြေရး ႏွင့္ ကယ္ဆယ္ေရး ဝန္ထမ္းမ်ား ႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီမွ တာဝန္ရွိသူမ်ားသည္ ေစတနာ့ဝန္ထမ္းမ်ားႏွင့္အတူ ရွာေဖြေရး ႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း အဆိုပါ အရာရွိက ဆိုသည္။(Xinhua)

ပုံစာ- အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝဆီျပည္နယ္ ေျမာက္ပိုင္း Bolaang Mongondow ခ႐ိုင္တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္က လိုင္စင္မဲ့ေ႐ႊတြင္းတစ္ခု ၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ ကယ္ဆယ္ေရးသမားမ်ားက ႐ုပ္အေလာင္းတစ္ေလာင္းကို သယ္ထုတ္လာစဥ္(ဆင္ဟြာ)

#အင္ဒိုနီးရွား,#ေ႐ႊတြင္း,#ၿပိဳက်,#ေသဆုံး,#ေပ်ာက္ဆုံး #Indonesia, #Gold mine, #landslide, #kill, #missing, #ဆင္ဟြာ