Connect with us

Latin America

အီကွေဒေါနိုင်ငံ၌ ထောင်ဆူမှုများအတွင်း သေဆုံးသူ အနည်းဆုံး ၆၇ ဦးရှိ

အီကွေဒေါနိုင်ငံတွင် ထောင်ဆူမှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွီတို၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်သုံးခုတွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြိုင်ဘက် ဂိုဏ်းအုပ်စုဝင်များအကြား အပြန်အလှန် ပဋိပက္ခဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၆၇ ဦးသေဆုံးသွားကြောင်း လူငယ်ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဘက်စုံစောင့်ရှောက်ရေးဌာနညွှန်ကြားရေးမှူး Edmundo Moncayo က ကွီတိုမြို့အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ သေဆုံးသူအရေအတွက်ဟာ တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ ၊ အကျဉ်းထောင် သုံးခုမှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခအတွင်း လူပေါင်း ၆၇ ဦး သေဆုံးသွားတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ ကျွန်တော် အစီရင်ခံ တင်ပြပါတယ်” ဟု Moncayo က ဆိုသည်။

အဆိုပါ ထောင်သားသေဆုံးမှုများသည် အီကွေဒေါနိုင်ငံ၏ အကျဉ်းသား စုစုပေါင်း ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းသိမ်းထားသည့် အရှေ့တောင်ပိုင်းပြည်နယ် Guayas ၊ အလယ်ပိုင်းပြည်နယ် Cotopaxi နှင့် တောင်ပိုင်းပြည်နယ် Azuay တို့မှ လူမှုပြန်လည်ပြုပြင်ရေးစင်တာ(အကျဉ်းထောင်)များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)

At least 67 dead in Ecuador jail riots
QUITO, Feb. 23 (Xinhua) — At least 67 prisoners died on Tuesday during violent riots in three Ecuadorian prisons due to clashes between rival gangs, Director of the Comprehensive Care Service for Adults Deprived of Liberty Edmundo Moncayo said at a press conference at the government palace in Quito.

“The numbers are totally awful and I have to painfully report a total of 67 people dead in the three centers of confinement,” Moncayo said.
The deaths occurred in social rehabilitation centers in the provinces of Guayas (southwest), Cotopaxi (center) and Azuay (south), where about 70 percent of the country’s prison population is concentrated. Enditem
Photo – Deadly Ecuador jail riots.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.