Connect with us

North America

အမေရိကန် ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိ

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် 2019 Presidents Cup ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ဝင်ရောက်ယှဉ်ပြိုင်နေစဉ်(ဆင်ဟွာ)

လော့စ်အိန်းဂျလိစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိစ်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း အာဏာပိုင်များက ဆိုသည်။

ဒဏ်ရာရရှိသွားသော တိုက်ဂါးဝုဒ်ကို ဒေသတွင်း ဆေးရုံတစ်ခုသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း လော့စ်အိန်းဂျလိစ်ပြည်သူ့လုံခြုံရေးဌာန(LASD) က တွစ်တာလူမှုကွန်ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

တိမ်းမှောက်သွားသော မော်တော်ယာဉ် အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) 

“ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် ခန့်မှန်း‌ခြေ နံနက် ၇ နာရီ ၁၂ မိနစ်မှာ Rolling Hills Estates နဲ့ Rancho Palos Verdes ကြားက လမ်းဘေးထဲကို ကားထိုးကျသွားပြီး တစ်ပတ်လည်တိမ်းမှောက်သွားတာပါ” ဟု ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုအတွင်း တိုက်ဂါးဝုဒ်၏ ကားမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။ ကားအတွင်းတွေ့ရှိသူမှာ PGA ဂေါက်သီးရိုက်ချန်ပီယံ တိုက်ဂါးဝုဒ်ဖြစ်သည်ကို အတည်ပြုကြောင်း တရားဝင်းထုတ်ပြန်ချက်များက ဆိုသည်။

ထို့ပြင် မီးသတ်သမားများနှင့် ဆေးဘက်ဆိုင်ရာများသည် ကားအတွင်းညှပ်မိနေသည့် တိုက်ဂါးဝုဒ်အား အပြင်ထုတ်နိုင်ရန် ထိုင်ခုံနေရာများအား ဖြတ်တောက်၍ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရကြောင်း LASD ဌာနက ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ၊ သို့သော် တိုက်ဂါးဝုဒ်၏ အခြေအနေနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)
———————————————–
(Englsih Version)
U.S. golfer Tiger Woods seriously injured in car accident in Los Angeles
LOS ANGELES, Feb. 23 (Xinhua) — U.S. professional golfer Tiger Woods was injured in a roll-over car accident in Los Angeles County, California on Tuesday, authorities said.
The famed golfer was transported to a local hospital by ambulance for his injuries, said the Los Angeles Sheriff’s Department (LASD) in a statement posted on Twitter.
“On Feb. 23, 2021, at approximately 7:12 AM, LASD responded to a single vehicle roll-over traffic collision on the border of Rolling Hills Estates and Rancho Palos Verdes,” said the department, adding that the vehicle sustained major damage in the accident.
Officials confirmed that “the driver and sole occupant was identified as PGA golfer, Eldrick ‘Tiger’ Woods.”
Woods was extricated from the wreck with the “jaws of life” by firefighters and paramedics, according to the department.
The department said it’s conducting an investigation into the accident but released no further information on Woods’ condition

Photo- Tiger Woods attends the training session ahead of the 2019 Presidents Cup at Royal Melbourne Golf Club in Melbourne, Australia, Dec. 10, 2019. (Xinhua/Bai Xuefei)