ပူထရာဂျာရာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)သည် ဧပြီ လကုန်ပိုင်း တွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ပေကျင်းမြို့၌ကျင်းပသော ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးဖိုရမ်သို့ ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ မလာရောက်မီ...
နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိမှုမှာ ယနေ့ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...
ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက် ၇၀ ဦးအထိမြင့်တက်လာကာ ဒဏ်ရာရသူ ၂၆၀ ဦးကျော်ရှိလာပြီဖြစ်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များအား ကိုးကား၍ ပြန်ကြားရေးဌာက ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၌ တောရိုင်းဆင်တစ်ကောင် တက်နင်းမှုကြောင့် မိသားစုတစ်ခုမှ လူ ၃ ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Zabaykalsky Krai နယ်စပ်ဒေသ နေရာအမြောက်အမြားတွင် ယခုရက်ပိုင်းများအတွင်း မြက်ခင်းပြင်မီးလောင်မှုဖြစ်ပွားရာ လူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသ ကျန်းမာရေးဌာနက ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထရီပိုလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော လစ်ဗျားအစိုးရတပ်ဖွဲ့ နှင့် နိုင်ငံအရှေ့ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ထရီပိုလီမြို့တော်အတွင်း နှင့် အနီးအနားတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယခုအခါ အရပ်သားသေဆုံးသူဦးရေစုစုပေါင်း ၂၂ဝ ဦး နှင့် ဒဏ်ရာရသူ ၁,ဝ၆၆ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က...
ကဘူးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အလယ်ပိုင်းရှိ အစိုးရရုံး အဆောက်အအုံနှင့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် ဧပြီလ ၂၀ ရက်က ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လစ်ဗျားနိုင်ငံ စစ်တပ် တပ်မှူး ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) နှင့် ဧပြီလ ၁၅ ရက်က တယ်လီဖုန်းဖြင့် “လုပ်ဆောင်နေဆဲ တန်ပြန် အကြမ်းဖက်မှု...
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။