Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော အမေဇုံနက်စ်ပြည်နယ်မှ COVID-19 လူနာ ၁,၅၀၀ ဦးကို ဆေးကုသရန် ရွှေ့ပြောင်းပေး

ဘရာဇီးနိုင်ငံ အမေဇုံနက်စ်ပြည်နယ် မနက်စ်မြို့ရှိ အောက်ဆီဂျင်စက်ရုံတစ်ရုံတွင် အောက်ဆီဂျင်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယား၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရာဇီးနိုင်ငံ အစိုးရသည် ရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်သည့် အမေဇုံနက်စ်မှ COVID-19 လူနာ ၁,၅၀၀ ဦးကို ဆေးကုသရန်အတွက် အခြားသောပြည်နယ်များသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီး Eduardo Pazuello က ဇန်နဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ဆေးရုံများတွင် ဝန်အားပိနေသည့် အမေဇုံနက်စ်ပြည်နယ် မြို့တော်တွင် ယာယီဆေးရုံဖွင့်ပွဲအခမ်းအနား၌ Pazuello က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လေတပ်လေယာဉ်တွေနဲ့ လူ ၃၀၀ ကို ရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူပေါင်း ၁,၅၀၀ ကို လေယာဉ်နဲ့ သယ်ဆောင်ပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု အမေဇုံနက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး Wilson Lima နှင့်အတူ Pazuello က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော ကနဦးရည်မှန်းချက်မှာ ဆေးရုံးများ၌ အသက်ရှူစက်မရှိခြင်းကြောင့် လူ ၂၃၅ ဦးကို ရွှေ့ပြောင်းပေးရန်ဖြစ်သည်။ဝန်ကြီး၏အဆိုအရ မနက်စ်မြို့တွင် တွေ့ရှိခဲ့သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်သည် အမေဇုံနက်စ်ပြည်နယ်ရှိ အခြေအနေကို ပို၍ဆိုးရွားစေခဲ့ကြောင်း သိရသည်။

“ဇန်နဝါရီလ အစပိုင်းကတည်းက ရောဂါကူးစက်မှုတွေခုန်တက်လာခဲ့တယ်” ဟု ရောဂါကူးစက်မှုအရေအတွက် သုံးဆမြင့်တက်လာခြင်းကို ရည်ညွှန်းလျက် ၎င်းက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံတွင် COVID-19 စစ်ဆေးတွေ့ရှိသူ ၈.၉ သန်းကျော်ရှိပြီး ၂၁၈,၈၇၈ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်က ထွက်ရှိသော ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ (Xinhua)

———————————————-
(English Version)

Brazil to transfer 1,500 COVID-19 patients from hotspot Amazonas for treatment

The new variant of the coronavirus found in Manaus appears to be more contagious but has the same degree of aggressiveness as the initial virus.
BRASILIA, Jan. 26 (Xinhua) — The Brazilian government aims to airlift 1,500 COVID-19 patients in the hard-hit northern state of Amazonas to other states for medical treatment, Health Minister Eduardo Pazuello said Tuesday.
Pazuello spoke to reporters at the opening of a field hospital in the Amazonas capital Manaus, where hospitals have been overrun by a rise in COVID-19 cases in the past two weeks.
“We have already taken 300 people aboard air force planes, and our goal is to airlift about 1,500 people,” said Pazuello, who was accompanied by Amazonas Governor Wilson Lima.
The initial goal unveiled last week was to transfer 235 people due to a lack of ventilators at hospitals.
According to the minister, the new variant of the coronavirus found in Manaus may have aggravated the situation in the Brazilian state.
“We had a jump in infections at the beginning of January,” which tripled the number of cases, he said.
More than 8.9 million people have tested positive for COVID-19 in Brazil and 218,878 people have died from the disease, according to the Ministry of Health’s latest report on Tuesday. ■
People queue up to buy oxygen at an oxygen factory in Manaus of Amazonas, Brazil, Jan. 15, 2021. (Photo by Sandro Pereira/Xinhua)